ပရိသတ်တွေကို အမြဲရယ်မောစေတဲ့ ဟာသသရုပ်ဆောင် ဦးမော့စ်ကတော့ ပရိသတ်တွေနဲ့ ခွဲခွာသွားတာ (၅)နှစ်တာ ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာဆိုရင် ဦးမော့စ်ရဲ့ဟာသလေးတွေက ပရိသတ်တွေကို အမောပြေစေခဲ့ပါတယ်။ ဦးမော့စ်က (၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့မှာ ချစ်ရတဲ့မိသားစုဝင်တွေနဲ့ ပရိသတ်တွေ အားလုံးကို စွန့်ခွာသွားခဲ့ပါတယ်။ အခုချိန်ထိ ပရိသတ်တွေက ဦးမော့စ်ရဲ့နှုတ်ခမ်းမွှေးနဲ့ ဟာသတွေကို သတိရနေဆဲပဲဖြစ်ပါတယ်။

အခုလတ်တလောမှာတော့ ကွန်လွန်သူ သရုပ်ဆောင် ဦးမော့စ်နဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့သူရဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း ဂယက်ရိုက်နေခဲ့ပါတယ်။ ဦးမော့စ်လားလို့ထင်ရလောက်အောင် ရုပ်ချင်းတူတဲ့ ဦးလေးကြီးရဲ့ ဗီဒီယိုဖိုင်ကို နာရီပိုင်းအတွင်းမှာ ကြည့်ရှုသူပေါင်း သိန်းနဲ့ချီပြီး ရှိခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်ထဲက ဦးလေးကြီးဟာဆိုရင် ဦးမော့စ်အသက်ရှင်တုန်းကပုံအတိုင်း နှုတ်ခမ်းမွှေး၊ အရပ်အမောင်း၊ ဆံပင်၊ အပြောအဆို ၊ အမူအယာတွေကအစ ချွတ်စွပ်တူနေတာပဲဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကိုလည်း ဦးမော့စ်ပုံစံအတိုင်း ဟန်ပန်တွေနဲ့သီဆိုပြသွားခဲ့ပြီး ဟာသလေးတွေပါ ပြောသွားခဲ့ပါတယ်။

ဦးမော့စ်ကို လွမ်းနေကြတဲ့ ပရိသတ်တွေကလည်း ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီး အံ့သြမဆုံးဖြစ်နေခဲ့ကြပါတယ်။ ဒီဗီဒီယိုဖိုင်ကို ကိုမျိုးလေးဆိုတဲ့ အမျိုးသားတစ်ယောက်က သူရဲ့ အကောင့်ကနေ ဇန်န၀ါရီ (၂၇)ရက်နေ့က တင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ခွဲခွာသွားတာကြာပြီဖြစ်တဲ့ ဦးမော့စ်နဲ့ ချွတ်စွပ်တူတဲ့ ဦးလေးကြီးရဲ့ ဗီဒီယိုဖိုင်ကို မျှဝေပေးလိုက်ပါတယ်။

ဦးမော့စ် ကလုံးလာပီ.

Posted by KhinMaung Htay on Tuesday, January 30, 2018

source: facebook