Samsung Galaxy S9 နဲ့ S9 plus မိတ်ဆက်ပွဲကိုတော့ မတ်လ(၆)ရက်နေ့ညက Novotel Hotel မှာ ကျင်း ပပြုလုပ်ခဲ့ပါတယ်။ဒီပွဲကိုတော့ နာမည်ကြီး အနုပညာရှင် ဆယ်လီတွေ အများကြီး တက်ရောက်ခဲ့ပါတယ်။မင်းသမီးချောလေး ဖွေးဖွေး၊အေးမြတ်သူ၊အေးဝတ်ရည်သောင်း၊ပန်းရောင်ခြယ်၊ရွှေအိမ်စည်တို့ အပြင် တခြားအနုပညာရှင် ဆယ်လီ တွေလည်း တက်ရောက်ခဲ့ပါတယ်။

မိန်းကလေး ပရိသတ်တွေရဲ့ ၀န်းရံခြင်းခံထားရတဲ့ နာမည်ကြီး အမျိုးသားဆယ်လီတွေလည်း ဒီပွဲကို တက်ရောက် ခဲ့ပါတယ်။လူပျိုကြီးတွေ ဖြစ်တဲ့ နေတိုး၊စိုင်းစိုင်း တို့လည်း တက်ရောက်ခဲ့ပါတယ်။

သူငယ်ဇာတ်ကားနဲ့ ပရိသတ်တွေ ကြားမှာ ရေပန်းစားခဲ့သလို Myanmar Idol ရဲ့ Host ကျော်ထက်အောင်လည်း တက်ရောက်ခဲ့ပါတယ်။

“ဥပါယ်တံမျဉ်” ဇာတ်ကားနဲ့ ပရိသတ်တွေကြား  နာမည်ကြီးခဲ့တဲ့ မင်းသားချော ဇဏ်ခီနဲ့ အောင်မြင့်မြတ်တို့လည်း တက်ရောက်ခဲ့ပါတယ်။

“ည” ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား ချမ်းမင်းရဲထွဋ် လည်း ဒီပွဲမှာ တက်ရောက်ခဲ့ပါတယ်။

from အနုပညာရှင်များရဲ့ fb