“ဗိုလ်အောင်ဒင်” သီချင်းနဲ့ အရမ်းကိုအောင်မြင်ခဲ့တဲ့ အဆိုတော် မနောကတော့ နောက်ထွက်တဲ့သီချင်းတွေမှာလည်း ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုကိုရခဲ့ပါတယ်။ သီတင်းကျွတ်လည်း မနော၊ ကထိန်လည်း မနော၊ နေရာအားလုံးမှာ မနောရဲ့သီချင်းတွေက နေရာယူလာခဲ့ပါတယ်။

မနောကလည်း နောက်ထွက်တဲ့ သီချင်းတွေကို သူ့ရဲ့ fb ပေါ်မှာ တင်ပေးခဲ့ပါတယ်။ အားပေးမှုတွေ အများကြီးတွေ့ရပါတယ်။ နောက်ဆုံး သူတင်ထားတဲ့ “ညွှန်းဖွဲ့မမှီ” သီချင်းမှာဆိုရင် မင်းသမီးချောလေး အိချောပို ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီလိုသီချင်းတွေကို သူက fb မှာ တင်ပေးခဲ့တာကို အလွဲသုံးစားလုပ်သူတစ်ချို့ကြောင့် မနောတစ်ယောက် စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ သူတင်တဲ့ သီချင်း MTV မှာ တခြားအဆိုရှင်တွေရဲ့သီချင်းနဲ့ ရုပ်သံချိန်းပစ်တဲ့ အတွက် အဲဒီလိုမလုပ်ကြပါနဲ့လို့ မနောက အခုလို တောင်းပန်ထားပါတယ်။

“ရက်စက်လွန်းတယ်ဗျာ ကျွန်တော် အပင်ပန်းခံ အကုန်ကျခံထားတဲ့သီချင်းတွေကို ဒီရက်မှထွက်တဲ့MTV ရုပ်တွေနဲ့ ကျွန်တော်မဟုတ်တဲ့ တခြားအဆိုရှင်ရဲ့သီချင်းတွေကို ရုပ်/သံချိန်ပစ်တယ်ဗျာ လုပ်ရက်တယ် ကျနော်ဘယ်လိုတောင်းပန်ရမလဲဗျာ အဲလိုမလုပ်ကြပါနဲ့ ဒီလိုသာရှေ့ဆက်မယ်ဆိုရင် ကျနော်တို့ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်ရပြီပေါ့ဗျာ ကျွန်တော် အခုအသစ်တစ်ပုဒ်တင်ဖို့ တော်တော်စဉ်းစားသွားပြီဗျာ?????တောင်းပန်ပါတယ် အနူးအညွန့်တောင်းပန်ပါတယ်ဗျာ?? …” ဆိုပြီး တင်ထားပါတယ်။

from မနောရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။