ပရိသတ်တွေရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားရတဲ့ မအေးသောင်းကတော့ သူမရဲ့ပရိသတ်တွေနဲ့ တရင်းတနှီး နေတတ်တာကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ သူမရဲ့အပြုံးတွေ ၊ ရိုးရှင်းတဲ့အလှတွေက ပရိသတ်တွေအတွက် ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။

အခုမှာတော့ မအေးသောင်းက သူမရဲ့ဖေစ်ဘုတ်အကောင့်မှာ ချစ်သူနဲ့ပတ်သက်ပြီး စာတစ်ကြောင်းကို ရေးသားမျှဝေထားတာတွေ့ရပါတယ်။ သူမက “ချစ်သူ .. ဆံပင်မညှပ်ရ.. မုတ်ဆိတ်မရိတ်ရ.. ဝိတ်မချရ ..ဒါပဲ။” ဆိုပြီး ချစ်သူကို စည်းကမ်းချက်ထုတ်ပြန်ထားတာတွေ့ရပါတယ်။ မအေးသောင်းကတော့ သူမရဲ့ချစ်သူကို တရားဝင်ပြောပြတာတွေမရှိသေးပေမယ့် မအေးသောင်းမှာ ချစ်သူရှိနေပြီးဆိုတာတော့ သိသူတွေကတော့ သိနေကြပြီပဲဖြစ်ပါတယ်။

ဒီစာကြောင်းလေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကလည်း မအေးသောင်းကို စနောက်နေခဲ့တာပဲဖြစ်ပါတယ်။ ဒီပိုစ့်ရဲ့အောက်မှာ စနောက်နေတဲ့ပရိသတ်တွေကိုလည်း မအေးသောင်းက ပြန်စနောက်ခဲ့ပါသေးတယ်။ သူမရဲ့အရမ်းချစ်ဖို့ကောင်းတဲ့ အရေးအသားတွေကြောင့် ပရိသတ်တွေက ကြွေပြီးရင်းကြွေနေခဲ့ကြတာပါ။ သူမကတော့ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ အခမ်းအနားပွဲတွေကို တက်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။

source : Aye Thaung