တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသားကြီး အကယ်ဒမီလွင်မိုးကတော့ ပရိသတ်တွေကို သူ့ရဲ့ဓာတ်ပုံဟောင်းလေးနဲ့ ပဟေဠိတစ်ခု ဝှက်လိုက်ပါတယ်။ သူရဲ့ဓာတ်ပုံဟောင်းလေးနဲ့ပတ်သက်ပြီးလွင်မိုးက “၂၀၀၃ ခုနှစ်က ပုဂံ BBB စားသောက်ဆိုင်မှာ ဓာတ်ပုံ တွဲရိုက်ခဲ့တဲ့ ခလေးအရွယ်လူငယ်တစ်ဦးဟာ ယနေ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လို့စ်…..” ဆိုတဲ့ ပဟေဠိဆန်ဆန်စာနဲ့ ပုံကို တွဲတင်ထားတာ တွေ့ရပါတယ်။

လွင်မိုးရဲ့ ဓာတ်ပုံဟောင်းထဲက ကောင်လေးကတော့ မင်းသမီး မိုးယုစံရဲ့ ခင်ပွန်း စွမ်းသူမိုး-ပဲဖြစ်ပါတယ်။ လွင်မိုးက စွမ်းသူရဲ့ (၂၀၀၃) ခုနှစ်ကပုံနဲ့မတူအောင် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်လာတာကို ချီးကျူးထားတာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ရင်နှီးမှုကတော့ ပဟေဠိဆန်နေခဲ့ပါတယ်။

source : Lwin Moe