စူးရှတဲ့ အကြည့်တွေ၊ဘိုဆန်ဆန် အလှနဲ့ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ မော်ဒယ် မင်းသမီးချော လေး ပက်ထရစ်ရှာကို တော့Luu brothers က ရင်ခုန်အောင်လုပ်လိုက်ပါတယ်။Luu brothers ဆိုတာကတော့ တလောက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးခဲ့တဲ့ သုံးမြွှာပူး ညီအစ် ကိုပါ။ချောမောတဲ့ ရုပ်ရည်နဲ့အမိုက်စား body ကို ပိုင်ဆိုင်ထားတဲ့ အမြွှာညီအစ်ကိုတွေပါ။သူတို့ က ပက်ထရစ်ရှာကို ရင်ခုန်အောင်လုပ်လိုက်ပုံကတော့…

Luu brothers ကပက်ထရစ်ရှာရဲ့ Instagram အကောင့်ကို လာပြီးတော့ follow လုပ်ခဲ့တာပါ။ ဒီအကြောင်းကိုတော့ ပက်ထရစ်ရှာက သူမရဲ့ fb စာမျက်နှာပေါ်မှာ …’

“ကိုယ့်အဆင်လေးတွေက ကိုယ့်အား Instagram တွင် Follow ထားတာကိုမြင်လိုက်ရ၍ စိတ်ကြီးဝင်နေသည်။ရင်တွေခုန်အောင်အရမ်းမလုပ်ပါနဲ့ Luu brothers တို့ရယ် ” ဆိုပြီး တင်ထားတာပါ။ဒါ့အပြင် Luu brothers ကသူမရဲ့ ပုံတွေကို like လုပ်ခဲ့ကြောင်းကိုလည်း…

“Asian ယောင်္ကျားဆိုရင် Luu brothers ညီအကိုတွေရဲ့ပုံစံမျိုးကကိုယ့်အဆင်ကွက် တိမတ်စေ့ပေါ့လို့တွေးမိရင်း… (ဟိုတစ်ခါတုန်းက အင်တာဗျူးထဲမှာဖြေခဲ့သလိုပုံစံပေါ့)
luubrothers တွေကို Instagram မှာ follow ပြီး luubrothersofficial ရဲ့ဓာတ်ပုံ ၁ ပုံကို မနေ့ကမှ like ခဲ့မိတယ် သူတို့က ကိုယ့်ဓာတ်ပုံ၂ပုံတောင် ဘယ်အချိန်တုန်းက like သွားခဲ့သလဲမသိဘူးကွယ် အခုလေးမှ Likers တွေဝင်ကြည့်လိုက်ပါဦးမယ်ဆိုပြီး စပ်စု မပုလုပ်ပြီးဝင်ကြည့်လိုက်တော့မှမြင်လိုက်ရတယ်ကွယ် အို! ဘယ်လိုပြောရမလဲဆိုတော့လေ… တို့ထင်မထားခဲ့တဲ့အရာဆိုတော့ ရင်တွေတောင်ခုန်သွားခဲ့တယ်ပေါ့နော် ”

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

from Su Sha Naing’s fb