ဒီကနေ့ မေလ(၇)ရက်နေ့ကတော့ အကယ်ဒမီမင်းသား ဒါရိုက်တာလူမင်းရဲ့ အသက် (၄၈)နှစ်ပြည့် မွေးနေ့လေးပါ။ မင်းသား လူမင်း ကတော့ ဇာတ်ပို့မင်းသား ဘယ်တော့မှ ခေါင်းဆောင်မင်းသားနေရာကို မရနိုင်ဘူးဆိုတဲ့ ခေါက်ရိုး ကျိုးနေတဲ့ အယူအဆကို ရိုက်ချိုးပြခဲ့သူပါ။ ဇာတ်ပို့မင်းသားဘ၀ကနေ အောင်မြင်နေတဲ့ ဇာတ်လိုက်မင်းသား တစ်ယောက်အဖြစ် ပရိသတ် အားပေးလက်ခံမှုကို ရခဲ့သူပါ။

 

(1987)ခုနှစ်တုန်းက မောင်အမည်နဲ့ ဇာတ်ကားရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ မောင်မြင့်မြတ် ရိုက်ကူးတဲ့ ” မြတ် နိုး တွယ်တာရပါသောမောင် ” ဇာတ်ကားနဲ့ လူသိများခဲ့ပါတယ်။ (၂၀၀၂)မှာတော့ “ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်” ဇာတ်ကား နဲ့ အကယ်ဒမီရခဲ့ပါတယ်။ (၂၀၀၅)မှာတော့ “ကျန်စစ်သား” ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ပြီး  အကယ်ဒမီဆု ထပ်မံရရှိခဲ့ပါတယ်။ (2016) မှာတော့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ ရခဲ့ပါတယ်။ (၂၀၀၄)မှာတော့ ခင်စံပယ်ဦးနဲ့ လက်ထပ်ပြီး အခုဆိုရင်တော့ ချစ်စရာ ကောင်းတဲ့ သမီးလေး နဲ့ သားလေး တစ်ယောက်ကို ရရှိနေပါပြီ။

အခုဆိုရင်တော့ သရုပ်ဆောင်မင်းသားတစ်ယောက် အဖြစ် တင်မဟုတ်ပဲ ဒါရိုက်တာ လူမင်းပါ ဖြစ်နေပါပြီ။ Reflect ion – ရောင်ပြန် ဇာတ်ကားကို ဆိုရင်လည်း လူမင်းက ဒါရိုက်တာ အဖြစ် ရိုက်ကူး ပုံဖော်ခဲ့တာပါ။ ရုပ် ရှင်အစည်း ရုံးဥက္ကဌ တာဝန်ကိုတော့  (၂၀၁၄) မှ (၂၀၁၇) အထိ ထမ်းဆောင်ခဲ့ပါတယ်။အသက်(၄၈) နှစ်ပြည့် မွေးနေ့ အလှူကို တော့ မေလ(၇)ရက်နေမှာ မင်္ဂလာဒုံ မြို့နယ်ရှိ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာ တွင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့ရှိအနုပညာဆည်းဆာဘိုးဘွားရိပ်​သာမှာ ဘုရား​နေကဇာတင်​ခြင်းသံဃာ​တော်​များဆွမ်းကပ်​၊ဘိုးဘွားများ ကို ကန်တော့ခဲ့ပါတယ်။

Happy birthday par အန်ကယ်လေး!!

 

from လူမင်းရဲ့ fb