ဆယ်ကျော်သက် မင်းသမီးချောလေး ယွန်းယွန်းကတော့ အနုပညာလောကထဲကို ငယ်ငယ်ထဲက ကလေးသရုပ်ဆောင်အဖြစ်ဝင်ရောက်လာခဲ့ပြီး အခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာ ရရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု အပြည့်အ၀ရရှိထားတဲ့ ယွန်းယွန်းက ပညာရေးမှာဆိုရင် ထူးချွန်တဲ့ တက္ကသိုလ်ကျောင်းသူလေးပဲဖြစ်ပါတယ်။

စိတ်ပညာဘာသာရပ် (ဒုတိယနှစ်)ကို တက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းသူလေး ယွန်းယွန်းက အခုဆိုရင် သူငယ်ချင်းတွေနဲ့လေ့လာရေးခရီးထွက်နေတာတွေ့ရပါတယ်။ စိတ်ပညာမေဂျာရဲ့ လေ့လာရေးခရီးမှာ ယွန်းယွန်းက ဒါန်းတွေ့ရင်မနေနိုင်ဘူးဆိုတဲ့စာနဲ့ ကလေးတစ်ယောက်လို ပျော်ပျော်ရွှင်ရွှင် ဒါန်းစီးနေတဲ့ ပုံလေးတွေကို တင်ထားခဲ့ပါတယ်။

ယွန်းယွန်းက “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲမှာ အကောင်းဆုံးသရုပ်ဆောင်ထားတဲ့အပြင် ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်သူပဲဖြစ်ပါတယ်။

source : Yoon Yoon