သရုပ်ဆောင်မင်းသား ရဲတိုက်ကတော့ MRTV 4 ရဲ့ နာမည်ကြီးပရိုဂရမ်တွေထဲက တစ်ခုဖြစ်တဲ့ Let’s Talk  အစီအစဉ်မှာ ပါဝင်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ရိုက်ကူးရေးပုံရိပ်တွေကိုတော့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း)ရဲ့ FB မှာ တင်ထားတာပါ။ဒီပရိုဂရမ်မှာ ပါဝင်ရိုက်ကူးခဲ့တဲ့ ရဲတိုက်ရဲ့ မိတ်ကပ်နဲ့ဆံပင်စတိုင်ကိုတော့ ညီညီမောင်(စမ်းချောင်း)က လိမ်းချယ် ပြင်ဆင်ပေး ခဲ့တာပါ။

Let’s Talk  ကတော့ အနုပညာရှင်တွေနဲ့တခြားနာမည်ကြီးဆယ်လီတွေရဲ့ ရင်တွင်းခံစား ချက်ေ တွကို အရှိအတိုင်းဖွင့်ဟကြတဲ့ အင်တာဗျူးပုံစံအစီအစဉ်မျိုးပါ။ရဲတိုက်ပါဝင်ထားတဲ့ အပိုင်းကိုတော့ ဘယ်တော့လွှင့်ဖြစ်မလဲဆိုတာကိုတော့ မသိရသေးပေမယ့် ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြမှာတော့ အသေအချာပါ။

ရဲတိုက်ဟာ (၂၀၁၃)ဇူလိုင်တုန်းက ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် (၆)နှစ်ကျခံခဲ့ရပြီး တောင်ငူအကျဉ်းထောင်ကနေ နိုဝင်ဘာ(၁၇)ရက်နေ့က ပြန်လွတ် လာခဲ့တာပါ။ ပြန်လွတ်လာပြီးနောက်မှာတော့ Myanmar Media 7 အပါအဝင် တခြားထုတ်လုပ်ရေးတွေက ရဲတိုက်ကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းခဲ့တာကို တွေ့ရပါတယ်။ရဲတိုက်က သူ့ရဲ့ မိခင်ထုတ်လုပ်ရေး လို့ ပြော လို့ရတဲ့ ဆာတိုရီထုတ်လုပ်ရေး လက်တွဲ ညှိနှိုင်းပြီး အနုပညာအလုပ်တွေ ဆက်လုပ်သွား မယ်လို့ သိရပါတယ်။

from ညီညီမောင်(စမ်းချောင်း)၊ရဲတိုက်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။