ဟာသ ဇာတ်ကားတွေကို ကြိုက်တဲ့ ပရိသတ်တွေ အတွက် ၀က်ဝက်ကွဲအောင် ရယ်ရမယ့် ဇာတ်ကား တစ်ကားနဲ့ မိတ် ဆက် ပေးချင် ပါတယ်။ဒီဇာတ်ကားက တော့ ရုံတင်ပြသ ခဲ့ချိန်တုန်းကလည်း ပရိသတ်တွေ အရမ်းကြိုက်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါ တယ်။ဒီဇာတ်ကားမှာတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ထိုင်းမှာ ရိုက်တဲ့ ဇာတ်ကားမို့ ကြည့်တဲ့ သူတွေကို လည်း မတူညီတဲ့ ရှုခင်းရှုကွက်တွေကို ဒီကားထဲမှာ မြင် တွေ့ ခံစားရမှာပါ။ဇာတ်ကားမှာ ပါဝင် ထားတဲ့ သရုပ်ဆောင်တွေ ကလည်း ဟာသ ဇာတ်ကောင် ဆိုရင် အရမ်းကို ပီပြင်တဲ့ သရုပ်ဆောင်တွေပါ။

Image:Fb/Ladyboy

ဒီဇာတ်ကားမှာတော့ပြေတီဦး၊ကျော်ကျော်ဗို၊ခင်လှိုင်၊ထူးအောင်၊အိချောပို၊ထိုင်းမင်းသမီးချော Kaew Korravee ၊ညောင်ညောင်၊K ညီ၊ဂျိုကာ တို့ အပါအ၀င် သရုပ်ဆောင် တွေ အများကြီး ပါဝင်ထားပါတယ်။ဒါရိုက်တာက တော့ ကို ပေါက် ပါ။ကိုပေါက် နဲ့ ဇာတ်ကားထဲမှာ ပါဝင် ထားတဲ့ ပြေတီဦး တို့က တော့ အပြင်မှာလည်း အရမ်းကို ခင်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ တွေပါ။ဇာတ်ကား အကျဉ်းလေးက တော့ ကံစမ်းမဲ ပေါက်ပြီး ထိုင်းနိုင်ငံကို အလည်ခရီးသွား ခွင့်ရခဲ့ပါတယ်။

 

 

ဒါပေမယ့် လည်း ဟိုကိုေ ရာက် တော့ ဘာသာစကား အခက်အခဲတွေ၊တခြား ပြဿနာ အလွဲလွဲ အချောေ ချာ တွေ နဲ့ တွေ့ ခဲ့ရပါတယ်။နောက်ဆုံး တော့ Ladyboy အဖြစ် နှစ်ယောက် သားဟန်ဆောင် နေခဲ့ကြပါတယ်။အဲ့ဒီမှာပဲ ကျော်ကျော်ဗို၊ညောင်ညောင်တို့ နဲ့ လည်း ဆုံခဲ့ပါတယ်။ပြဿနာ အရှုပ် ထုပ် တွေ ကြားမှာ ဘယ်လို လွဲချော်ကြ၊ပြေးကြလွှားကြနဲ့ ရှင်သန် ကြမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ ဟာသ ဆန်ဆန် တွေ့ ရမှာပါ။

 

“အခမ်းနား ဆုံး မေတ္တာ” ကို တော့ Viu Myanmar App ကို Download လုပ်ပြီး ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင် Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ်ကြေး ပေးစရာမလိုပဲ ကြည့်ရှုခွင့်ရမှာပါ။ ဒါကြောင့် Viu App ကို ဒီနရောမှDownload ရယူလိုက်ပါ။

#CELENOW