အခုနောက်ပိုင်းမှာတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်အသားပေး၊ body အသားပေး ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတာကို တွေ့ရပါတယ်။ ခေတ်စကားနဲ့ဆိုရင်တော့ ဒီလို body ပြည့်တင်းတဲ့သူတွေကို “အကိတ်” လို့ ခေါ်ကြပါတယ်။ “အကိတ် ” တွေ အရမ်းခေတ်စားနေချိန်မှာ ကြူကြူသင်းကလည်း ကိတ်တယ်ဆိုတာ ဘာလဲဆိုတာ အားလုံးသိအောင် ထုတ်ပြလိုက်ပုံရပါတယ်။

တင်အသားပေးပုံတင်နေသူတွေကို ပညာသားပါပါတန်ပြန်လိုက်ပုံရပါတယ်။ ပုံတင်ပြီး နှစ်နာရီလောက်အကြာမှာပဲ အားပေးတဲ့ ပရိသတ်တွေအရမ်းကို များပြားခဲ့ပါတယ်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာဆိုရင် အမျိုးသားတစ်ချို့က အဲ့ဒီပုံကို ရှယ်ပြီး “ကြူကြူသင်းလောက် ကိတ်မှ ထုတ်ပြပါ” ဆိုပြီး ရှယ်နေကြတာကိုလည်း တွေ့ရပါတယ်။

သူမရဲ့ post အောက်မှာတော့”ဒါမှ မမကြူ” ဆိုပြီး အားပေးထားကြတာတွေကိုလည်း တွေ့ရပါ တယ်။

from ကြူကြူသင်းရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။