မင်းသားဇဏ်ခီနဲ့ သူ့ရဲ့ ဇနီး ခရစ်စတီးနားခီတို့ ကတော့ “ဥပါယ်တံမျဉ်”ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အကြီး အကျယ်ရရှိပိုင်ဆိုင်ခဲ့ကြသူတွေပါ။”ဥပါယ်တံမျဉ်” ကတော့ ပထမဆုံးအကြိမ် ရုံတင်ပြသခွင့်ရခဲ့တဲ့ သူတို့ ဇနီး မောင်နှံရဲ့ ဇာတ်ကားပါ။ဒုတိယမြောက် ရုံတင်ပြသခွင့်ရခဲ့ပြီး လက်ရှိလည်း ရုံတင်ပြသနေတဲ့ ဇာတ်ကားကတော့ “မုဒြာ ရဲ့ ခေါ်သံ” ပါ။

အတွဲညီညီနဲ့ အမြဲတမ်းလိုက်ဖက်ညီတဲ့ သူတို့စုံတွဲကတော့ (၂၀၁၈)ရဲ့ ရေပန်းအစားဆုံး ဆယ်လီစုံတွဲ ဖြစ်လာခဲ့ပါ တယ်။မင်းသားဇဏ်ခီကိုလည်း ယောက်ျားပီသပြီး တည်ကြည်တဲ့ သူ့ရဲ့ အမူအယာ  တွေကြောင့် မိန်းကလေး ပရိ သတ်တွေရော၊အမျိုးသားပရိသတ်တွေက အားပေးကြသလို ထက်မြက်ပြီး တော်တဲ့ဇနီး၊အမျိုးသားအပေါ် အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ ဒါရိုက်တာ ခရစ်စတီးနားခီကိုလည်း အရွယ်(၃)ပါး၊ကျားမ မရွေးချစ်ခင် အားပေး ကြတာကို တွေ့ရပါတယ်။ခီမောင်နှံ ဒီနှစ် အကယ်ဒမီပေးပွဲ၊တက်မတက်ကို အားလုံးက စိတ်ဝင် စားခဲ့ကြပါတယ်။

ခီဇနီးမောင်နှံအကယ်ဒမီဆုပေးပွဲ တက်ဖြစ်တယ်ဆိုတဲ့ အကြောင်းနဲ့ ဘယ်လိုဖက်ရှင်နဲ့ ပွဲတက်မလဲ ဆိုတဲ့ အကြောင်း ကို ဒီဇိုင်နာ ငြိမ်းကိုက သူ့ရဲ့ fb မှာ အခုလို ဖော်ပြထားပါတယ်။

“မနက်ဖြန်ကျင်းပမည့် အကယ်ဒမီပွဲကြီးတွင် ကျွန်တော်ချုပ်ပေးရမည့်အကယ်ဒမီဝတ်စုံတွေထဲ အထူးခြားဆုံးအနုပညာရှင်အဖြစ် 🤩 ကိုဇာဏ်ခီနှင့်မခရစ်စတီးနားခီ တို့စုံတွဲအား ဝတ်စုံစီစဉ်ပေးထားခြင်း ဖြစ်ပါကြောင်း..”

အက်ို့အတွက် ရိုးဆင်းပြီး ယောကျားဆန်တဲ့ မြန်မာတိုက်ပုံပုံစံဘဲဆင်မှာပါ…ပုဆိုးတောင်ဘာမှမထွင်ထားဘဲ ပိုးပုဆိုးဘဲစီစဉ်ပေးထားပါတယ်…ကနုတ်တွေ ကျောက်တွေဟာ ကျွန်တော့်ဒီဇိုင်နာသက်တမ်း၁၀နှစ်တလျှောက်ဘယ်သူ့ကိုမှလည်းမချုပ်ပေးခဲ့ဖူးသလို ကျွန်တော်ကိုယ်တိုင်ကလည်း အာ့ဒီလိုင်းမဟုတ်လို့ ဗမာတိုက်ပုံစစ်စစ်ဘဲအားသန်ပါတယ်ခင်ဗျ…
အမအတွက်လည်း ရိုးရှင်းတဲ့ မြန်မာအကျီဝတ်စုံကိုသာဆင်မြန်းပေးမှာပါ…
အကိုဇာဏ်ခီက ဒီကနေ့နေ့လည်မှ ပွဲတက်ဖြစ်တယ် ညီလေးရေ လို့ ဖုန်းဆက်လို့ အားချင်းအမြန်အခုစီစဉ်ပေးနေပါပြီ… အားပေးကြလို့ ကျေးဇူးပါဗျ …” ဆိုပြီးတင်ထားပါတယ်။ဒီဇိုင်နာ ငြိမ်းကိုရဲ့ လက်ရာ တွေနဲ့ ခီဇနီးမောင်နှံက ဘယ်လိုဖက်ရှင်တွေနဲ့ ပွဲတက်မလဲဆိုတာကိုတော့ မနက်ဖန် ကျရင် တွေ့ရမှာပါ။

from ငြိမ်းကိုရဲ့ fb