“ဥပါယ်တံမျဉ်” “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက် ရရှိပိုင်ဆိုင်ခဲ့သူတွေလို့ ပြောလိုက် တာနဲ့  ခီ မောင်နှံကို ရည်ညွှန်းမှန်း အားလုံးက သိကြမှာပါ။ “ဥပါယ်တံမျဉ်” “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ခရစ်စတီးနားခီနဲ့ မင်းသား ဇဏ်ခီတို့ကတော့ (၂၀၁၈)ရဲ့ နာမည်အကြီးဆုံး Popular အဖြစ်ဆုံး ဆယ်လီစုံတွဲ တစ်တွဲပါ။ ပရိသတ်တွေရဲ့ အချစ်တော် ခရစ်စတီးနားခီကတော့ သူမရဲ့ fb မှာ ဧပြီ (၁၂) ရက်နေ့က Post အသစ်တင်ထားပါတယ်။

နှစ်ကူးမတိုင်ခင် သူတို့တွေ လုပ်ခဲ့တဲ့ ကုသိုလ်ဒါနလေးပါ။ စင်ကာပူနိုင်ငံ မြန်မာဘုန်းကြီးကျောင်းမှာ (၁၅)ရက်နေ့ ဆီထမင်းလေး စတုဒီသာမှာ ပါဝင်ပေးခဲ့တာပါ။ ဒီအလှူလေးအကြောင်းကိုတော့ ခရစ်စတီးနားခီက အခုလို တင်ထားပါတယ်။

“နှစ်သစ်မကူးခင် ကုသိုလ်…

စင်ကာပူနိုင်ငံ မြန်မာဘုန်းကြီးကျောင်းမှာ ၁၅ရက်နေ့ဆီထမင်း လေး စတုဒီသာမှာပါဝင်ထားပါတယ်၊
အောင်ဇမ္ဗျူတောရ ဘုန်းဘုန်းကျောင်းမှာ ဘုရားလာဖူးသူ ရဟန်းသံဃာများနှင့်တကွ ဘုရားဖူးများအား ၇ရက် စတုဒီသာကျွေးမွေးခြင်းအတွက်လှူဒါန်းခဲ့ပါတယ်။
ဒီအလှူလုပ်ခဲ့ဖို့စိတ်ကူးလေးက မယ်သီလရင်ဘဝ မှာ ရှေးဟောင်းဘုရား ၃၀၁ဆူကိုနေ့စဉ်ဖူးခွင့် ပရိတ် ပဌါန်းရွတ်ခွင့်ရခဲ့ရာက စခဲ့တာပါ။ ရှေးနှစ်ပေါင်း ၂၅၀၀ကျော်လောက်က ဘုရားများကို ဖူးခွင့်ရခဲ့တဲ့အချိန်မှာလည်း ကြည်နူးခွင့်ရခဲ့သလို စိတ်အနှောင့်အယှက်ဖြစ်စရာကြုံတိုင်းလည်း ဘုရားများအားစိတ်ထဲမှ သွားပြီးဖူးလိုက်ရတိုင်း စိတ်ကြည်နူးမှုဟာ ဘာနဲ့မှ မလဲနိုင်အောင်ဖြစ်ခဲ့ရပါတယ်။


စင်ကာပူ ဘုန်းကြီးကျောင်းရောက်ခဲ့စဉ်
ကလည်း နိုင်ငံရပ်ခြားမှာ စိတ်အရမ်းကြည်နူးခွင့်ရခဲ့ပြီး ဘုရားဖူးခွင့်ရခဲ့ရပါတယ်။
ဒါကြောင့် ကိုဇဏ်နဲ့ခရစ္စတို့ရဲ့ပရိတ်သတ်များ ကိုလည်း ဘုရားဖူးပြီးကုသိုလ်နဲ့အတူ ကြည်နူးခွင့်လေးရစေချင်လို့ ဒီအလှူကို လှူဒါန်းလိုက်တာပါ။
အားလုံး သင်္ကြန်မှာ ဘေးကင်း ရန်ရှင်းပြီး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ဆထက်တပိုး စီးပွားတိုးလို့ ကျန်းမာပျော်ရွှင်ကြပါစေ။…..” ဆိုပြီး တင်ထားပါတယ်။

from ခရစ်စတီးနားခီရဲ့ fb