ဒါရိုက်တာ ခရစ်စတီးနားခီနဲ့ သူမရဲ့ ခင်ပွန်းဇဏ်ခီ တို့ကတော့ ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေတဲ့ ဆယ်လီဇနီးမောင်နှံပါ။ လတ်တလောမှာတော့ သူတို့မောင်နှံဟာ ချက်သမ္မတနိုင်ငံ Prague မြို့ကို Ooredoo ကြော်ငြာ ရိုက်ဖို့ ရောက်နေပါတယ်။ ကြော်ငြာရိုက်ကူးရေးအပြီးမှာ ခင်ပွန်းဖြစ်သူနဲ့ အတူ လျှောက်လည်နေတဲ့ ပုံတွေကိုတော့  ခရစ်စတီးနားခီက သူမရဲ့ FB မှာ တင်ထားပါတယ်။

“After his shooting…
ည ၉နာရီလောက်မှ မှောင်တော့ shooting ပြီးတာနဲ့ လည်လည်ထွက်လို့ရ…” ဆိုပြီး တင်ထားတာပါ။

သူတို့ရဲ့ ပထမဆုံး ရုံတင်ဇာတ်ကားကတော့ “ဥပါယ်တံမျဉ် ” ဖြစ်ပြီး ပွဲဦးထွက် ဒီရုပ်ရှင်ကားကပဲ သူတို့ကို တဟုန်ထိုး နာမည်ကြီး အောင်မြင်စေခဲ့ပါတယ်။ နောက်ထပ်ဇာတ်ကား အနေနဲ့ကတော့ ” မုဒြာရဲ့ခေါ်သံ ” ကို ရုံတင်ပြသခဲ့ပါတယ်။ ဒီကားကလည်း ခီမောင်နှံကို နောက်ထပ်အောင်မြင်မှု မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။ မီဒီယာတွေက ခီမောင်နှံကို ရုပ်ရှင်လောကကို ပြောင်းလဲစေမယ့် အလင်းရောင်တစ်ခုလို့ တင်စားပြောဆိုရေးသားတဲ့ အထိဖြစ်ခဲ့ပါတယ်။ ခီမောင်နှံရဲ့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး အနုပညာ အသိုင်းအ၀ိုင်းမှာလည်း ဂယက်ထခဲ့ပါတယ်။ အဲ့ဒီ ဂယက်ကြောင့်ပဲ ခီမောင်နှံကို ၀န်းရံတဲ့ ပရိသတ်တွေ ပိုများလာစေခဲ့ပါတယ်။ ခီမောင်နှံရဲ့ Central Base Productions ကနေ နောက်ထပ် ဘယ်လိုဇာတ်ကားကောင်းတွေ ထွက်လာမလဲဆိုတာကိုတော့ ပရိသတ်တွေ ရင်ခုန်စောင့်ဆိုင်းနေပါတယ်။

from ခရစ်စတီးနားခီရဲ့ fb