မင်းသား ကျော်ဆုကတော့ အေးဆေးတည်ငြိမ်တဲ့မျက်နှာနဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုအပြည့် ရရှိထားသူလည်းဖြစ်ပါတယ်။ ကျော်ဆုက MRTV-4 ဇာတ်လမ်းတွဲတွေ တော်တော်များများမှာ သရုပ်ဆောင်ထားတာတွေ့ရပါတယ်။

ကျော်ဆု ပါဝင်ရိုက်ကူးဖူးခဲ့တဲ့ “ချစ်သူထွင်းတဲ့အက္ခရာ” ဇာတ်လမ်းတွဲထဲမှာ မင်းသမီး ၀င့်ယမုံနိုင်နဲ့အတူ အပေးအယူ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဇာတ်လမ်းနဲ့ တသားတည်းကျခဲ့ပါတယ်။ ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့နှစ်ယောင်ကတော့ “ချစ်သူထွင်းတဲ့အက္ခရာ”ဇာတ်လမ်းတွဲထဲမှာ နန္ဒနဲ့ မမလေး မေထိပ်ထားစံအဖြစ် ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေကြောင့် “ပျော်ရွှင်ခြင်းဝိညာဉ်” ဇာတ်လမ်းတွဲထဲမှာ ရဲနောင်နှင့်မေရှားစံအဖြစ်နဲ့ ပြန်မြင်တွေ့ကြရဦးမှာပဲဖြစ်ပါတယ်။ ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့နှစ်ယောက်က အပေးအယူမျှမျှနဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက အရမ်းသဘောကျ အားပေးရတဲ့ သရုပ်ဆောင်အတွဲလေးပဲ ဖြစ်ပါတယ်။

source : Kyaw Su