MRTV-4 ရဲ့  မြန်မာဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေကြား ရေပန်းစားနေခဲ့သူ သရုပ်ဆောင် မင်းသား ကျော်ဆုနဲ့ ဂီတလောကမှာရော လူငယ်ပရိသတ်တွေကြားမှာပါ ရေပန်းစားနေခဲ့တဲ့ အဆိုတော် လွှမ်းပိုင်တို့ညီအစ်ကိုနှစ်ယောက်ကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ ညီဖြစ်သူလွှမ်းပိုင်က အစ်ကိုဖြစ်သူ ကျော်ဆုထက် အနုပညာလောကမှာ စီနီယာပိုကျတဲ့အတွက် လွှမ်းပိုင်ဆီကနေ အကြံတွေအများကြီးရပါတယ်လို့ အင်တာဗျုးတစ်ခုမှာ ဖြေထားတာတွေ့ရပါတယ်။

ကျော်ဆုက ညီဖြစ်သူလွှမ်းပိုင်ရဲ့”ဒုံးပျံ”အခွေထွက်ပြီး တော်တော်အောင်မြင်မှုရလာတော့မှ အနုပညာလောကထဲကို ၀င်ရောက်လာတာပဲဖြစ်ပါတယ်။ ကျော်ဆုကတော့ သရုပ်ဆောင်ဖို့ထက် သီချင်းဆိုတာကို ပိုထက်သန်ပြီး ငယ်ငယ်ကတည်းက သရုပ်ဆောင်ဆိုတာကို မတွေးခဲ့ဖူးပါဘူးလို့ ဆိုပါတယ်။ အနုပညာအသိမိတ်ဆွေမရှိတဲ့ ကျော်ဆုဟာ MRTV-4 ရဲ့  မြန်မာဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်ဖြစ်လာတာပါ။

ကျော်ဆုရဲ့ အနုပညာအကြံပေးကတော့ ညီဖြစ်သူ အဆိုတော့လွှမ်းပိုင်ပဲဖြစ်ပါတယ်။ လွှမ်းပိုင်က ကျော်ဆုထက် အနုပညာလောကမှာ စီနီယာပိုကျတဲ့အတွက် လွှမ်းပိုင်ဆီကနေ အနုပညာနဲ့ပတ်သက်ပြီး အများကြီးအကြံရတယ်လို့သိရပါတယ်။ ကျော်ဆု နဲ့လွှမ်းပိုင်တို့ညီအစ်ကိုရင်းတွေက အသက် (၁)နှစ်ခွဲပဲကွာတာဖြစ်လို့ သူငယ်ချင်းတစ်ယောက်လိုမျိုးရင်းရင်းနှီးနှီးဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။

source : Myanmar Celebrity