မင်းသားကျော်ထက်ဇော်ကတော့ “အမုန်းမှသည်..” ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု အပြည့်အ၀ ရခဲ့သူပါ။ ဒီဇာတ် လမ်းတွဲထဲက သူ့ရဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေက အရမ်းကို အားပေးခဲ့ကြတာပါ။ အခုဆိုရင်တော့ ပရိသတ် အချစ်တော် ကျော်ထက်ဇော်က နောက်ထပ် ဇာတ်လမ်းတွဲ တစ်ခုနဲ့ ပရိသတ်ရှေ့ကို ပြန်ရောက်လာတော့မှာပါ။

“စိတ်၏ခြေရာ” ဆိုတဲ့ ဇာတ်လမ်းတွဲ ကို ရိုက်ကူးတော့မှာပါ။ဇာတ်လမ်းတွဲအတွက် ကန်တော့ပေးပွဲအခမ်းအနားကို ဧပြီလ (၁၉) ရက်နေ့က ရွှေတိဂုံဘုရားအောင်မြေမှာ ပြုလုပ်ခဲ့ပါတယ်။ကျော်ထက်ဇော်၊ ၀င့်ယမုံနိုင် နှင့် အခြားသရုပ်ဆောင်တွေ ပါဝင်သွားမယ်လို့ သိရပါတယ်။

ကျော်ထက်ဇော်ဟာ မင်းသမီး ထက်ထက်မိုးဦးနဲ့ အတူ “မိုးကောင်းကင်အိပ်မက်များ” ဆိုတဲ့ ဇာတ်လမ်းတွဲ၊ ” အမုန်း မှ သည် ” ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ဖူးပြီး အခုရိုက်မယ့် “စိတ်၏ခြေရာ” ကတော့ သူ့ အတွက် တတိယမြောက် ဇာတ်လမ်းတွဲ ဖြစ်လာမှာပါ။

from ကျော်ထက်ဇော်ရဲ့ fb