5 Star ဆိုတဲ့ ဟာသာလူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ကြာစိကတော့ ရှင်ပြုအလှူ လုပ်ခဲ့ပါတယ်။ရှင် ပြု အလှူကိုတော့ ဇနီးဖြစ်သူရဲ့ ဇာတိမြေ တောင်ကြီး၊အေးသာယာမြို့ပြုလုပ်ခဲ့တာပါ။ အလှူပွဲကျင်းပနေပုံတွေကိုတော့ ကြာစိက သူ့ရဲ့ fb မှာ live လွှင့်ခဲ့ပါတယ်။

ပုံလေးတွေကိုတော့ ဖြိုးငယ်လေး ဆိုတဲ့ fb အကောင့်က ကြာစိရဲ့ အကောင့်ကို with လုပ်ပြီး တင်ထားပါတယ်။Caption မှာတော့…

“မာဃလုလင်​ တတိယအကြိမ်
စု​ပေါင်း ရဟန်းခံ ရှင်​ပြု အလှု​တော်​မင်္ဂလာ ပွဲမှာ
ရှင်​ ၉ပါး ရှင်​ပြု အလှုပါဝင်​ခဲ့ပါသည်​..” ဆိုပြီး ရေးထားပါတယ်။

Posted by Ko Kyar Si on Tuesday, April 3, 2018

ကြာစိရဲ့ မင်္ဂလာပွဲအကြို ဓာတ်ပုံတွေကတော့ ဇူလိုင်လတုန်းက ထွက်ပေါ်ခဲ့ပြီး ၀ါကျွတ်မှာတော့ ချစ်ရတဲ့ ဇနီးချောလေးနဲ့ မင်္ဂလာပွဲဆင်နွှဲခဲ့တာပါ။ ဇနီးချောလေးနဲ့ကတော့ အသက် (၉)နှစ်လောက်ကွာပြီး မင်္ဂလာပွဲကိုတော့ ဇနီး ဖြစ်သူရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ တောင်ကြီးမြို့မှာ ကျင်းပခဲ့တာပါ။

from ကြာစိနဲ့ဖြိုးငယ်လေးရဲ့ fb