ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ နာမကျန်းဖြစ်နေပါတယ်။ပြီးခဲ့တဲ့ ရက်တွေက ဆိုရင် နေမေ ကာင်းဖြစ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပါသေးတယ်။အဆုတ်နဲ့ နှလုံးမှာ ရေ၀ပ်နေလို့ ဆေးကုသမှုခံယူခဲ့ရပါတယ်။ငွေကြေးမတတ်နိုင်လို့ အခက် အခဲ တွေ့ နေရတဲ့ ကစ်ကစ် ကို အနုပညာအသိုင်းအ၀ိုင်းကရော တခြားမိတ်ဆွေ တွေကပါ ငွေကြေးကူညီပေးခဲ့ပါတယ်။

အခုတစ်ကြိမ်မှာတော့ ကစ်ကစ်က အိမ်ခန်းက ငှားထားတာ ပြည့်တော့မှာမို့ အခုသူမနေနေတဲ့ (၈) ရပ်ကွက်ထဲမှာပဲ ပထမထပ်ကို ဈေးသက်သက်သာသာ ငှားပေးမယ့် သူရှိရင် လမ်းညွှန် ပေးပါ ဆိုပြီး တောင်းဆိုထားပါတယ်။

“ဘာလိုလိုနဲ့ အိမ်ခန်းကနောက်တလနေကပးရင်ပြည်ပီအခုမေတဲ့၈ရပ်ကွက်ထဲမှာဘဲပြန်နေချင်တယ်ဒါပေမယ့်ကစ်ကစ်ကခြေထောက်တွေကအမြင့်လည်းမတက်နိုငအိမ်သာကိုဗမာထိုင်လည်းးမထိုင်ဘူးဆိုတော့ပထမထပ်လောက်ကိုဈေးသက်သက်သာသာလောက်နဲ့ ဌါးပေးမယ့်လူရှိရင်ကောင်းမယ်။မရိရင်တော့တခြားကိုရွှေ့ ရတော့မှာဘဲ ဈေးသကမသာအောငဌါးပေးမယ့်တိုက်ခန်းရှိရင်ညွှပြမေစပါလားဟင် ….” ဆိုပြီး တင်ထားပါတယ်။

from ကစ်ကစ်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။