သရုပ်ဆောင်မင်းသမီးချော ခွန်းဆင့်နေခြည်ကတော့ အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ မင်းသမီး တစ်ေ ယာက်ပါ။မိုင်တိုင်(၇၆) ဇာတ်ကားမှာဆိုရင် ပရိသတ်တွေ ရဲ့ အထူးနှစ်ခြိုက်အားပေးခြင်းကို ခံခဲ့ရသလို သူမ သီဆိုခဲ့တဲ့ “လက်ဆောင်” ဆိုတဲ့ သီချင်းဟာဆိုရင်လည်း မိန်းကလေးပရိသတ်တွေ အထူးနှစ်ခြိုက်ခဲ့တဲ့ သီချင်းပါ။

မယ်တစ်ယောက်ဖြစ်တဲ့ အတွက် အခုချိန်ထိကို လှပတဲ့ body ကို ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်။လက်တလော မှာတော့ သူမဟာ နယူးယော့ခ်မှာ စာသွားသင်နေတယ်လို့ သိရပါတယ်။အနုပညာ အလုပ်တွေ လုပ်တာ မတွေ့ရတော့ပေမယ့် သူမရဲ့ fb page ကနေ သူမရဲ့ ပုံလေးတွေကိုတော့ တင်ပေးနေတာကို တွေ့ရပါတယ်။

ခွန်းဆင့်နေခြည်ရဲ့ Instagram အကောင့်မှာ တင်ထားတဲ့ ပုံတွေထဲမှာတော့ မြွေနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို တွေ့ ရပါတယ်။ပုံတစ်ပုံမှာဆိုရင်တော့ “I love snake..” ဆိုပြီး ရေးပြီး တင်ထားတာကို တွေ့ရပါတယ်။မြွေတွေကို မကြောက် မရွံ့သတ္တိရှိရှိ ကိုင်နေတဲ့ ပုံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

from ခွန်းဆင့်နေခြည်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။