ဒီကနေ့ ဧပြီ (၂၄)ရက်နေ့ကတော့ ပရိသတ်တွေက မခိုင်လေးဆိုပြီး ချစ်စနိုးခေါ်တဲ့ မင်းသမီးခိုင်သင်းကြည်နဲ့ သူမရဲ့ ခင်ပွန်း ကိုခန့်နိုင်တို့ရဲ့ အိမ်ထောင်သက် (၁၆)နှစ်ပြည့် နေ့လေးလို့ သိရပါတယ်။ မခိုင်လေးကတော့ အနုပညာလောကထဲမှာ နာမည်ပျက်၊ အရှုပ်အရှင်းကင်းတဲ့ မင်းသမီးတွေထဲက တစ်ယောက်ပါ။ လက်ရှိခင်ပွန်းဖြစ်သူနဲ့ပဲ အချစ်ရေးသတင်း ထွက်ခဲ့ပြီး ရွှေလက်တွဲခဲ့တာပါ။ မခိုင်လေးကတော့ အနုပညာ ရော family life မှာပါ အောင်မြင်နေသူပါ။

မခိုင်လေးတို့ကတော့ ချစ်သူ သက်တမ်း (၈)နှစ် ကြာမြင့်ခဲ့ပြီးမှ ရွှေလက်တွဲခဲ့တာပါ။ (2012) ဧပြီလမှာ လက်ထပ်ခဲ့တာပါ။ အခုဆိုရင် ချစ်စရာ သမီးလေး စံထိပ်ထားဦးနဲ့အတူ ပျော်စရာ မိသားစုဘ၀လေးကို ပိုင်ဆိုင် နေကြပါပြီ။ မင်္ဂလာသက်တမ်း (၁၆)နှစ်ပြည့်လေးမှာတော့ ကိုခန့်နိုင်က မခိုင်လေးကို အမှတ်တရ လက်ဆောင်အဖြစ် စိန်လက်စွပ်လေး လက်ဆောင်ပေးခဲ့ပါတယ်။ မင်္ဂလာနှစ်ပတ်လည်နေ့လေးရဲ့ အမှတ်တရ ပုံလေးတွေကို  အခုလို တင်ထားပါတယ်။

“💝Today is our 16th anniversary, my love! 💝 ၁၆နှစ်ပြည့်ပြီး ချစ်သူသက်တမ်း ၈နှစ်ပေါင်းလို့ (၂၄)နှစ်ပြည့်ခဲ့တာတောင် အရင်တုန်းကလို ချစ်နေဆဲဘဲဆိုတာ ယုံပါတယ်လို့ …” ဆိုပြီး တင်ထားပါတယ်။

from ခိုင်သင်းကြည်ရဲ့ fb