မြန်မာဝတ်စုံလေးတွေနဲ့ရိုးရိုးယဉ်ယဉ်လေးတွေပဲ ၀တ်တတ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ ဖေဖော်ဝါရီ (၂၁)ရက်နေ့မှာ အရင်မြင်နေကျ သူမရဲ့ ပုံစံနဲ့မတူ လုံးဝခွဲထွက်နေတဲ့ စတိုင်လ်သစ်၊ ပုံစံသစ်တစ်မျိုးနဲ့ လူမှားရလောက်အောင် ပြောင်းလဲခဲ့တဲ့ ပုံရိပ်တွေကြောင့် ပရိသတ်တွေက အံ့အားသင့်သွားခဲ့ပါတယ်။

ခိုင်နှင်းဝေရဲ့ဘာဘီအရုပ်လို ပြင်ဆင်ခြယ်သခဲ့တဲ့ ပုံရိပ်ကို တချို့ပရိသတ်တွေက မျက်နှာခွဲစိတ်ပြုပြင်ထားတယ်လို့ ထင်ခဲ့ကြတာတွေရှိနေခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး သူမက “တစ်ချို့ပရိသတ်တွေက မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ပြောကြတယ် ကျွန်မ မျက်နှာ ဘာမှ မခွဲစိတ်ထားပါဖူးရှင် ဝိတ်နည်းနည်းကျသွားတာရယ် ဆံပင်ပုံစံနဲ့ မိတ်ကပ် ပြောင်းသွားတာကြောင့် ပါ ” လို့ သူမရဲ့လူမှုကွန်ရက်ပေါ်မှာ ရေးသားမျှဝေခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ်လုပ်နေသလို အလှူရေစက် လက်နဲ့မပျက်ဆိုသလို ပရဟိတ တွေကိုလည်း အဆက်မပြတ်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ပရိသတ်တွေက သူမကို ပရဟိတ မင်းသမီးလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

source : Khine Hnin Wai