ပရိသတ်ချစ် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ (၁)ရက်နေ့ညမှာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကားအက်ဆီးဒင့်မှာတော့ သူမရယ် ၊ သူမအမေရယ်နဲ့ အိမ်က ကလေးမလေးတစ်ယောက်ရယ်တို့ဟာ  ကြီးကြီးမားမား ဒဏ်ရာတစ်စုံတစ်ခုမှ မရခဲ့ပေမယ့် သူမရဲ့ကားကတော့ ရစရာမရှိအောင် ဖြစ်သွားခဲ့တယ်လို့သိရပါတယ်။

ခိုင်နှင်းဝေက သူမ ကားအက်စီးဒင့်ဖြစ်တဲ့အချိန် သူမအနားကို အပြေးရောက်လာတဲ့ သွန်းဆက်၊ နေမင်းနဲ့ ဖုန်းဆက်မေးတဲ့ အိချောပို၊ စိတ်ပူပန်ပေးကြတဲ့ ပရိသတ်တွေ၊ မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ကြောင်းပြောရင်း၊ သူမတို့ ဒီလို အသက်အန္တရယ်ဘေးက လွတ်လာတာ ဘုရား၊ တရားကြောင့်နဲ့ ပရဟိတရဲ့အကျိုးတွေကြောင့်လို့ အခုလို ပြောခဲ့ပါတယ်။

“ကျမ ကားအက်စီးဒင့်ဖြစ်တဲ့အချိန် ကျမအနား အပြေးရောက်လာတဲ့ ညီမလေးသွန်းဆက် ,မောင်လေး နေမင်း … ဖုန်းဆက်မေးတဲ့ ချစ်ညီမလေး စူစူ … FB မှ စိုးရိမ်ပူပန်ပေးကြသော ချစ်မိတ်ဆွေများ, ဖုန်းဆက်မေးကြသော ချစ်မိတ်ဆွေများနှင့် ကျမရဲ့ပရဟိတအဖွဲ့အားလုံးကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်ရှင် … ပရဟိတလုပ်တဲ့ ကုသိုလ်ကောင်းမှုနဲ့ ဘုရားတရားသံဃာရဲ့ ကျေးဇူးတော်ကြောင့် ကျမနှင့်အတူ ကျမမိခင်,အတူပါလာတဲ့ အိမ်က ကလေးမလေးတို့ အသက်ချမ်းသာရာ ရခဲ့ပါတယ် … ကားကတော့ ရစရာမရှိအောင်ပါပဲရှင်..”

ဆက်လက်ပြီး ” သေလောက်တဲ့ အန္တရာယ်ကနေ ကင်းလွတ်သွားတာဟာ အင်မတန် ကံကြီးပေလို့ပါပဲ..တိုက်တဲ့ကားဘက်ကတော့ ကျမကို ဘာမှတာဝန်ယူ မဖြေရှင်းပေးသေးပါဘူးရှင် … ကျမလဲ ပရိဟတလုပ် ကိုယ်ချင်းလဲ စာတတ်ပါတယ်… မတရားလဲ အလျှော်မတောင်းဆိုပါဘူး … ဒါပေမဲ့ တာဝန်ယူမှု လုံးလုံးမရှိသေးတာကိုတော့ တော်တော်လေးခံပြင်းမိပါတယ်… ဒီအချိန် အသိတရားတခု ဝင်လာတာ ကျမမိဘကို လုပ်ကျွေးနေတဲ့ကုသိုလ်ကံကြောင့် အဆိုးထဲက အကောင်းလို့ပဲ ဆိုရမှာပေါ့လေ … ထိခိုက်ဒဏ်ရာ ဘာတခုမှမရခဲ့ပါဘူး … ” 

နောက်ပြီး သူမက “ကျမမိခင်နှင့် ကျမကလေးတွေကို စောင့်ရှောက်ဖို့ မြတ်စွာဘုရားက ကျမကို ဆက်လက်ရှင်သန်ခွင့် ပေးခဲ့တဲ့အပြင် ထိခိုက်မှုမရှိအောင်လဲ ကာကွယ်ပေးခဲ့တယ် .. ဒါကြောင့် အခုချိန်ကစပြီး ဘုရားတရားကို ပိုလုပ်ပါမယ် … ကလေးတွေအတွက် အသက်ဆက်ရှင်ရအုံးမယ် … ပိုကြိုးစားရမယ်… ချစ်သောမိတ်ဆွေများအားလုံးလဲ ဘုရားတရားကို အချိန်ရသရွေ့လုပ်ကြပါနော် … သက်ရှိဘုရားတစ်ဆူဖြစ်တဲ့ မိဘကိုလဲ ကိုယ်အသက်ရှင်နေသရွေ့ အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ကြပါရှင် … အားလုံးကို ကျေးဇူးတင်ပါတယ် “လို့ ပြောခဲ့ပါတယ်။

လက်ရှိမှာ ခိုင်နှင်းဝေက ပရဟိတတွေ၊ ကုသိုလ်ကောင်းမှုတွေကို ဆက်တိုက်လုပ်နေခဲ့လို့ သူမကို ပရိသတ်တွေက ပရဟိတမင်းသမီးဆိုပြီး တင်စားခေါ်ခဲ့ကြပါတယ်။

source : Khine Hnin Wai