မော်ဒယ်မင်းသမီးလေး ခင်သဇင်ရဲ့ အလှပုံရိပ်လေးတွေကတော့ အွန်လိုင်းပေါ်မှာ အတော်လေး ရေပန်းစားနေပါတယ်။မြန်မာဆန်ဆန်းလေးနဲ့ ဗိုလ်ချုပ်ဈေးထဲကို လှည့်ပတ်သွားလာနေတဲ့ ပုံတွေကို ရိုက်ထားတဲ့ ပုံလေးတွေပါ။အမြဲတမ်း ခပ်လန်းလန်းလေး နေတတ်တဲ့ သူမက မြန်မာဝတ်စုံလေးနဲ့ အတော်လေးလိုက်ဖက်တာကို တွေ့ရပါတယ်။

ခင်သဇင်ကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်ကားတွေ၊MTV လေးတွေ ရိုက်ကူးပေးနေပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်း တုန်းကတောင် ညိမ်းသော်နဲ့ အတူ ဖြိုးပြည့်စုံ ရဲ့”အသည်းနှလုံးမရှိတဲ့လူ” ဆိုတဲ့ သီချင်း MV ရိုက်ကူးပေးခဲ့ပါတယ်။သီချင်း တွေကိုလည်း အွန်လိုင်းကနေ ပရိသတ်တွေအတွက်လက်ဆောင်အဖြစ် ထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ခင်သဇင် ကတော့ စိုင်းစိုင်းရဲ့ “ဟော့တယ်” သီချင်းမှာ သရုပ်ဆောင်ရင်း ပရိသတ်တွေက သတိထားမိခဲ့ပြီး အားပေးမှုရခဲ့သူလေးပါ။

Photo – Phyo Min Zaw