Galaxy Star သီချင်းဆိုပြိုင်ပွဲကတည်းက ပရိသတ်ရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် Key ကိုတော့ ဒီအပတ်ထုတ်လွှင့်မယ့်  Let’s Talk အစီအစဉ်မှာ တွေ့ရတော့မှာ ဖြစ်ပါတယ်။

အပိုင်း(၂)ပိုင်းခွဲပြီး ထုတ်လွှင့်သွားမှာဖြစ်ပြီး အပိုင်း (၁)ကိုတော့ လာမယ့် (၁၁)ရက် (စနေနေ့) ည (၇)နာရီ အချိန်မှာထုတ်လွင့်ပြသသွားမှာဖြစ်ပြီး၊ အပိုင်း (၂)ကိုတော့ (၁၈)ရက် (နောက်အပတ်စနေနေ့) ည (၇)နာရီအချိန်မှာထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Let’s Talk အစီအစဉ်ဟာဆိုရင်တော့ အောင်မြင်တဲ့ အနုပညာရှင်တွေ၊ လူမှုအသိုင်းအ၀ိုင်းမှာ ကျော်ကြားတဲ့ အသိပညာ၊ အတတ်ပညာရှင်တွေကို ဖိတ်ကြားလေ့ရှိတဲ့ အစီအစဉ်တစ်ခုပါ။ သူတို့တွေရဲ့ ရင်ဖွင့်သံတွေကိုကြားရတဲ့နေရာဆိုလည်း မမှားပါဘူး။

Wint(Celenow)

Source: Key’s facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။