ပရိသတ်ကြီးအတွက် မကြာခင်မှာ “Reflection-ရောင်ပြန်”ဇာတ်ကားကြီး စတင်အသက်ဝင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ Reflection ဇာတ်ကားကြီးကတော့ ဒိတ်ဒိတ်ကျဲ မင်းသမီး (၄)ယောက်အပြိုင် သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ မင်းသမီးတွေဟာ ဖက်ရှင်အမိုက်စားတွေ၊ သရုပ်ဆောင်တဲ့ပုံစံအသစ်တွေ တွေ့ရမှာပဲဖြစ်လို့ ပရိသတ်တွေအကြိုက် ဇာတ်ကားမျိုးလည်း ဖြစ်မှာသေချာပါတယ်။

Reflection ဇာတ်ကားကြီးမှာ ၀ါရင့်သရုပ်ဆောင်မင်းသမီး ထွန်းအိဒ္ဒြာဗိုလ် က  “ကျွန်မ နှုတ်ကထွက်တဲ့ အမိန့် ဟာ …ကျွန်မအတွက်တော့ အမှန်တရားပဲ ” ဆိုတဲ့ မေနက္ခတ်အဖြစ် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ Reflection ဇာတ်ကားမှာ တွေ့ရတဲ့ ထွန်းအိဒ္ဒြာဗိုလ်ရဲ့ ဖက်ရှင်အမိုက်စား ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : reflection’s fb