နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲ သရုပ်ဆောင်၊ မော်ဒယ်ထူးအောင်ကတော့ ပရိသတ်တွေရဲ့အားပေးမှုကြောင့် မော်ဒယ်လောကမှာ နေရာတစ်နေရာစာ ရရှိနေပြီပဲဖြစ်ပါတယ်။ ဒီလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုနဲ့အတူ အောင်မြင်မှုရလာတဲ့ ထူးအောင်ကတော့ အချစ်နဲ့ပတ်သက်လာရင်တော့ လူကြမ်းတစ်ယောက်ပါလို့ ပြောလာခဲ့ပါတယ်။

ထူးအောင်ကတော့ အချစ်ကို ဦးစားပေးပုံမရသလို အချစ်ရေးကိစ္စတွေကိုလည်း ပြောလေ့မရှိပါဘူး။ အချစ်နဲ့ပတ်သက်ပြီး ဒီအကြောင်းလေးကိုတော့ သူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ကိုယ်က လူကြမ်းကြီးပါ။ ဒါပေမယ့် အချစ်နဲ့ပတ်သတ်ရင်ပေါ့။ ” ဆိုပြီး တင်ထားတာတွေ့ရပါတယ်။ ဒီစာနဲ့အတူ သူရဲ့ လူမိုက်ဆန်ဆန်အကြည့်နဲ့ ဒီဇိုင်းကတော့ အရမ်းမိုက်ပါတယ်။

ထူးအောင်ကတော့ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစား လုပ်ကိုင်နေသူဖြစ်ပြီး တပ်မတော်ဂုဏ်ပြုဇာတ်ကား ဖြစ်တဲ့ “စစ်ကိုမုန်း၍တိုက်ခဲ့သည်” မှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့တာပဲဖြစ်ပါတယ်။

source : Htoo Aung