တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ မင်းသမီး ထက်ထက်မိုးဦးကတော့ အလှူသွားရင်း သာသနာ့ဘောင်မှာ ပော်ျသလောက်နေမယ်ဆိုပြီး ဆရာလေး ဒေါ်နန္ဒာမာလာအဖြစ်ခံယူခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက သာသနာ့ဘောင်အတွင်းကို ရုတ်တရတ်ဝင်သွားခဲ့ပေမယ့် သမီးလေး စစ်လွန်းဝတီထက်ကို ပြည့်ပြည့်စုံစုံ ထားပေးချင်တာကြောင့် သီလရှင်အပြီး ၀တ်မယ်/မ၀တ်ဘူးဆိုတာတော့ ယတိပြတ် မသေချာသေးဘူးလို့ သိရပါတယ်။

ဆရာလေးက သီလရှင်ဝတ်နေတာ လချီရှိပြီးဖြစ်တာကြောင့် “သမီးလေးကို သတိရသလို ကျောင်းပိတ်ရင် သမီးလေးနဲ့တွေ့ဖို့မျှော်နေပါတယ်”လို့ အင်တာဗျူးတစ်ခုမှာ ပြောထားတာတွေ့ရပါတယ်။ ဆရာလေး ဒေါ်နန္ဒာမာလာ အဖြစ်ခံယူနေခဲ့တာလည်း ကြာပြီဖြစ်တဲ့ထက်ထက်မိုးဦးကတော့ သမီးလေးနဲ့လည်း ခွဲနေရတာကြာသလို သမီးလေးကိုလည်း သတိရနေခဲ့တယ်လို့သိရပါတယ်။ သမီးလေးကျောင်းပိတ်ရင်တော့ တွေ့ရမယ်လို့ မျှော်လင့်နေတဲ့ ဆရာလေး  ဒေါ်နန္ဒာမာလာကို ပရိသတ်တွေက စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

ဆရာလေး ဒေါ်နန္ဒာမာလာက သူမအနေနဲ့ သာသနာပြုနေတဲ့အချိန်မှာ ချစ်သည်၊မုန်းသည် မရှိသလို သတိရခြင်း ၊ မေ့နိုင်ခြင်းဆိုတာတော့ မရှိပေမယ့် တစ်ခါတစ်လေကြတော့လည်း သမီးလေးကိုသတိရစိတ်တွေက မလွန်ဆန်နိုင်အောင် ၀င်လာတယ်လို့ ဆိုခဲ့ပါတယ်။ ဒီလိုမိသားစုပြဿနာဖြစ်နေတဲ့ ဆရာလေး ဒေါ်နန္ဒာမာလာအတွက်လည်း ပရိသတ်တွေက ၀မ်နည်းနေခဲ့ကြပါတယ်။

source : Myanmar Celebrity