ထားထက်ထက်ကတော့ အလှမယ်၊မော်ဒယ်၊သရုပ်ဆောင်မင်းသမီးချောလေးပါ။ Miss Grand Myanmar 2013 ပါ။ လုံးဝ ကျန်းမာကြံ့ခိုင်တဲ့ body အလှကို ပိုင်ဆိုင်ထားပြီး ယောက်ျားလေးဆန်ပြီး Strong ဖြစ်တဲ့ ပုံစံလေးကတော့ သူမရဲ့ ထူးခြားချက်ပါ။ အားကစားကိုလည်း အတော်လေး လေ့လာလိုက်စားတာကို တွေ့ရပါတယ်။

သူမ အကျွမ်းကျင်ဆုံး အားကစားကတော့ ကျွမ်းဘားပါ။ အသက်(၅)နှစ်လောက်တည်းက ကျွမ်းဘားကစားနည်းကို ကစားလာခဲ့သူပါ။ အလှမယ်တစ်ယောက်အဖြစ်တင် မဟုတ်ပဲ ကျွမ်းဘားအားကစားနည်းပြအဖြစ် ဆောင်ရွက်ပေးနေသူလေးပါ။ ထားထက်ထက်ကတော့ သူမရဲ့ fb မှာ Post တစ်ခု တင်ထားပါတယ်။ စနောက်ပြီး တင်ထားတဲ့ Post ဖြစ်ဖို့တော့များပါတယ်။

သတို့သမီးဝတ်စုံလေးနဲ့ ပုံတွေကို တင်ပြီး Caption မှာတော့ ..”သိပ်မကြာတော့တဲ့ အချိန်မှာ မင်္ဂလာဆော င်တော့မယ်ဆိုတာအသိပေးချင်တယ် 👰 👰 ..” ဆိုပြီး ရေးထားပါတယ်။Post ရဲ့ အောက်မှာတော့ အနုပညာ ညီအစ် မတွေက သူမရဲ့ Post ကို ၀င်ပြီး စနောက်ထား၊ဗန်းစကားနဲ့ဆိုရင်တော့ ၀င်ခွီထားတာကို တွေ့ရပါတယ်။ အိချောပို၊ခင်ဝင့်ဝါနဲ့ နန်းခင်ဇေယျာတို့ပါ။ခင်ဝင့်ဝါကတော့ “ ဆောင် လိုက်တော့..” ဆိုပြီး အားပေးအားမြှောက် လုပ်ခဲ့ပါတယ်။အိချောပိုကတော့ လက်မ emoji လေး မန့်ထားပါတယ်။နန်းခင်ဇေယျာကတော့ ” မြန်မြန်ဆောင်ကွာ ပန်းကြဲချင်ဘီ..” ဆိုပြီး တိုက်တွန်းထားကြပါတယ်။

   
အလှမယ်တစ်ယောက်ဖြစ်တဲ့ ထားထက်ထက်ကတော့ အနုပညာအလုပ်တင်မဟုတ်ပဲ ပရဟိတ အလုပ်တွေကိုလည်း မကြာခဏ လုပ်တာကိုတွေ့ရပါတယ်။ပရိဟိတ လှုပ်ရှားမှုတွေ မှာဆိုရင် တော့ (Healthy & Active Youths) အား ကစား လှုပ်ရှား ၊”လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး” ဆိုတဲ့ လှုပ်ရှားမှု၊ရခိုင်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပွဲ..အစရှိတဲ့ ပွဲတွေ၊လှုပ်ရှားမှုတွေမှာ တက်စွမ်းသမျှပါဝင်ပေးနေတာကိုတွေ့ရပါတယ်။

from ထားထက်ထက်ရဲ့ fb