ဒီကနေ့ မတ်လ(၂၂)ရက်နေ့ကတော့ မော်ဒယ် မင်းသမီးချောလေး ဆုအိမ့်စံရဲ့ မွေးနေ့လေးပါ။ဆုအိမ့်စံရဲ့ fb မှာတော့ သူမကို ချစ်ကြ၊ခင်ကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေက မွေးနေ့ဆုတောင်းစကားတွေ ပြောပေးထားတာကို တွေ့ရပါတယ်။

ဆုအိမ့်စံကတော့ ချစ်စရာကောင်းတဲ့ Cute ဖြစ်တဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပါ။အနုပညာပိုင်းမှာ ဆိုရင်လည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူပါ။ဆုအိမ့်စံရဲ့ အချစ်ရေးကတော့ ပရိသတ်တွေ သိထားပြီးတဲ့ အတိုင်း ချစ်သူရှိပါတယ်။သူမရဲ့ ချစ်သူကတော့ မင်းသားသူရိယပါ။နှစ်ယောက်လုံးကလည်း တွဲနေကြောင်း ပရိသတ်တွေကို အသိပေးထားပြီး နှစ်ယောက်သားစုံတွဲပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မကြာခဏ တင်လေ့ရှိပါတယ်။

Happy Birthday par Hsu!!

from ဆုအိမ့်စံရဲ့ fb