ချစ်စရာအပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ဆုအိမ့်စံကတော့ ပရိသတ်တွေကို စကားတစ်ခွန်း ပါးလိုက်ပါတယ်။ ဆုအိမ့်စံကတော့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေကို အဆက်မပြတ်ရိုက်ကူးနေလို့ မအားတဲ့ကြားကနေ ရွှေတိဂုံဘုရားကို သွားခဲ့တာပဲဖြစ်ပါတယ်။ ဘုရားကိုရောက်နေတဲ့ သူမကတော့ ဘုရားရိပ်၊တရားရိပ်က အေးချမ်းပါတယ်လို့ ဆိုခဲ့ပါတယ်။

သူမကလည်း ပရိသတ်တွေကို သတိတရနဲ့ ဘယ်နေရာရောက်ရောက် ဘုရားတရားမမေ့ဖို့ မှာကြားထားတာ တွေ့ရပါတယ်။သူမက “ဘုရားတရားမမေ့နဲ့ အချစ်ရေ ဘယ်နေရာရောက်ရောက် .. ရွှေတိဂုံဘုရားသွားဖြစ်တာလေးပါ အေးချမ်းတယ်”  ဆိုပြီး ဘုရာရောက်ပုံရိပ်လေးတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ ဘုရားဖူးနေတဲ့ သူမရဲ့မျက်နှာဟာ တကယ့်ကို အေးချမ်းနေတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

source : Hsu Eaint San