ဇာတ်ပို့သရုပ်ဆောင်မင်းသမီး နှိုင်းယှဉ်မြင့်မိုရ်က အနုပညာလောကမှာဆို အလုပ်ကြိုးစားသူလည်း ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ကိုဘင်းန်နဲ့အတူ သာယာတဲ့ မိသားစုဘ၀လေးကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သူတို့နှစ်ယောက်မှာ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်က သူမရဲ့ (၃၄)နှစ်ပြည့် မွေးနေ့အစမှာပဲ သူမကို အခက်အခဲတွေကြားထဲက ကျွေးမွေးပြုစုခဲ့တဲ့ မိဘနှစ်ပါးကို ကန်တော့စကား ဆိုခဲ့ပါတယ်။ “(၁၂) နာရီ ကျော်သွားပြီ အမေ…မောင်နှမတွေအားလုံးထဲမှာ သမီးကို မွေးရတာအခက်ခဲဆုံး ဒုက္ခအရောက်ဆုံးလို့ ငယ်ငယ်လေးကတည်းက အမေ အမြဲပြောခဲ့ဖူးတယ် …ကလေးအသက်နဲ့ လူကြီးအသက် ဘယ်ဟာယူမလဲလို့ ဆရာဝန်ကမေးတော့ အဖေကလည်း နှစ်ခုလုံးလို့ပြောခဲ့တယ်တဲ့…”လို့ ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး သူမက “မမွေးနိုင်လို့ နားထင်ကိုညှပ်နဲ့ ဆွဲထုတ်ခဲ့ရတာတဲ့ … ထွက်လာတော့လဲ ဘာအသံမှမကြားတော့ အသေလေးထင်ပြီး အမှိုက်ပုံးထဲ ပစ်ကြတော့မလို့ ဇောက်ထိုးကိုင်ပြီး ဖင်ကိုရိုက်ချလိုက်မှ အသံထွက်လာတာတဲ့…သွေးတွေနဲ့ ရဲရဲနီနေတဲ့ ခလေးကို အဖိုးကမြင်ပြီး နာမည်တန်းပေးခဲ့တာ ‘ဇာနည်’…သမီးကိုမွေးဖို့ ပိုက်ဆံမရှိတော့ ကားကက်ဆက်လေးကို အဖေကရောင်းပြီး နောက်နေ့မှာ အမေ့ခေါင်းအုံးအောက်ထဲ လာထည့်ပေးသွားတာတဲ့”လို့ ရေသားခဲ့ပါတယ်။

ဆက်လက်ပြီး “သမီးက လာခြင်းမကောင်းခဲ့ပါဘူး အမေ… သမီးမွေးနေ့ရောက်ခါနီးတိုင်း အမြဲဒုက္ခတွေ သောကတွေ အဆင်မပြေမှု့တွေနဲ့ ကြုံခဲ့တာ ခုဆို (၃၄)နှစ်တောင်ဖြစ်ခဲ့ပြီ… အခက်အခဲတွေကြားကနေ ရအောင်မွေးပေးခဲ့တဲ့ အမေနဲ့ ပညာတွေသင်ပေးပြီး ရှာဖွေကျွေးမွေးခဲ့တဲ့ အဖေ(ပါကြီး)ကို ကန့်တော့ပါတယ်…” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

source : Nhying Shin