ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးဆောင်တဲ့ နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းဟာ ကင်ဆာရောဂါခံစားနေရတဲ့ လူရွှင်တော်ဦးစိန်ရိုးကို အလှူငွေသွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာ လူရွှင်တော် ဦးစိန်ရိုးရဲ့ကျန်းမာရေးအတွက် အလှူငွေလိုအပ်နေတယ်ဆိုတဲ့သတင်းကြောင့် ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။

တစ်ချိန်တုန်းက ဦးစိန်ရိုးဟာ ပရိသတ်တွေ ဘဝအမောပြေတွေပြေပျောက်စေဖို့ ဟာသတွေနဲ့ သရုပ်ဆောင်ပေးခဲ့သူပဲဖြစ်ပြီး အခုအချိန်မှာတော့ ကျန်းမာရေးနဲ့ ကြီးရင့်လာတဲ့အသက်ရွယ်ကြောင့် အနုပညာအလုပ်ကို ရပ်နားခဲ့ရပါတယ်။ ကျန်းမာရေးအခြေအနေဆိုးနေတဲ့ ဦးစိန်ရိုးကိုတော့ နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းမှ အလှူငွေ (၁၀)သိန်းကို သွားရောက်လှူခဲ့ပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) အပြင်နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗိုတို့ကလည်း လူနာသတင်းမေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါအပြင် နှင်းဆီအဖွဲ့သားတွေက နှင်းဆီနယ်နိမိတ်အတွက် Guide လုပ်ပေးတဲ့ လူရွှင်တော်ကြီးဦးမိုးဒီကိုလည်း သွားရောက်ဂါရ၀ပြုခဲ့တယ်လို့လည်းသိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက သူ့ရဲ့ ဖေ့ဘွတ်ကနေ အခုလိုတင်ထားတာတွေ့ရပါတယ်။ “နှင်းဆီနယ်နိမိတ်အတွက် ကျနော်တို့ကို Guide လုပ်ပေးတဲ့ လူရွှင်တော်ကြီးဦးမိုးဒီ ကို 15.2.2018 နေ့တွင် နင်းဆီအဖွဲ့က သွားရောက်ဂါရဝပြုခဲ့ပါတယ် (ဦးမိုးဒီကခရီးသွားနေလို့ သားဖြစ်သူ ကိုကောင်းစံက ကိုယ်စားလက်ခံပေးခဲ့ပါတယ်။)” လို့ဆိုခဲ့ပါတယ်။

source : Maung Myo Min