နှင်းဆီအဖွဲ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်တွေနဲ့ ပေါင်းစပ်ထားတဲ့ အဖွဲ့တစ်ဖွဲ့ပါ။မကြာခဏ ဆို သလို ပရဟိတ ရန်ပုံငွေ ပွဲတွေ ကျင်းပပြီး အနုပညာလုပ်အားနဲ့ ပြည်သူတွေ အတွက် တစ်ဖက် တစ်လမ်း ကနေ ကူညီေ ပးနေကြတာပါ။အငြိမ့်ပွဲတွေ ကနေ ရလာတဲ့ ငွေကြေးတွေကို လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းပေး ခဲ့တာပါ။ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)ရဲ့ ဦးဆောင်မှုနဲ့ အတူ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း ဆိုတဲ့ ပရဟိတ အဖွဲ့ကိုလည်း ထူထောင်ထားပါတယ်။

အခုဆိုရင်တော့ နှင်းဆီအဖွဲ့သားတွေဟာ နှင်းဆီနယ်နိမိတ် အငြိမ့်ပွဲတွေ ကပြခဲ့ရာကနေ ရလာတဲ့ ငွေကြေးတွေ ကို ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူခဲ့ပါတယ်။ရလာတဲ့ အလှူငွေ သိန်း(၆၅၀) ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထဲကို နှင်းဆီအဖွဲ့သားတွေက ကိုယ်တိုင် ကိုယ်က လှူဒါန်း ခဲ့ ပါတယ်။ဒီ အကြောင်းကို နေတိုးက သူ့ရဲ့ FB မှာ တင်ထားပါတယ်။

“နှင်းဆီနယ်နိမိတ် မှ ရသော အလှူငွေများ ( သိန်း ၆၅၀ ) ကို အမေ့လက်ထိလက်ရောက် ဒီနေ့ လှူဒါန်းကြပါတယ်ခင်ဗျာ…” ဆိုပြီး တင်ထားပါတယ်။

ဒီအလှူလေးမှာတော့ ဒါရိုက်တာ မောင်မျိုးမင်း၊နေတိုး၊ကျော်ကျော်ဗို၊မင်းမော်ကွန်း၊မေကဗျာ၊မိုးယုစံ၊ဖူးစုံ တို့လည်း လာရောက်ခဲ့တာကိုတွေ့ရပါတယ်။

နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းကနေ ကျန်းမာရေးမကောင်းတဲ့ ဦးစိန်ရိုးကို အလှူငွေ (၁၀)သိန်း သွားရောက် လှူဒါန်း၊

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ကြိမ်ငူကြီးေ ကျးရွာ (ပေ၁၂၀/၃၀) တစ်ထပ်ကျောင်းဆောင်သစ်နှင့်ကျောင်းသုံး ပစ္စည်းများတွေ လှူဒါန်းတာတွေ အပြင် တခြားပရဟိတ အလုပ်တွေ အများကြီးကို လုပ်ဆောင် နေတဲ့ အဖွဲ့ တစ်ဖွဲ့ပါ။

FROM နေတိုးရဲ့ FB