အဆိုတော်လွှမ်းပိုင်ကတော့ သူ့ရဲ့ FB မှာခံစားချက်တွေကို ရင်ဖွင့်လိုက်ပါတယ်။ အတုတွေ ၀တ်တယ်၊ ဖွင့်ထားတဲ့ဆိုင်မှာ brand အစစ်မဟုတ်ပဲ အတုတွေတင်တယ်လို့ အပြင်မှာပြောဆိုဝေဖန်နေကြတဲ့အပေါ် လွှမ်းပိုင်က ချက်ကျလက်ကျပြန်တုံ့ပြန်ထားတာပါ။ “အခုခေတ်ကတော်တော်ကို မပြည့်တဲ့အိုးတွေ ဘောင်ဘင်ခက်တယ်ဗျ..” ဆိုပြီး အစချီကာ၊ အစစ်မ၀တ်ဘူး၊ အတုတွေ ၀တ်တယ်လို့ ပြောဆိုဝေဖန်မှုတွေကို တုံ့ပြန်ထားတာပါ။

“အခုခေတ်ကတော်တော်ကို မပြည့်တဲ့အိုးတွေဘောင်ဘင်ခက်တယ်ဗျ ကျွှန်တော်မပြော တာလဲကြာ ပြီ ဒါပေမဲ့ဒီတခုတော့ပြောပါမယ်။Myanmar လူငယ် တွေအတုအစစ်ဝတ်တဲ့ကိစ္စတော့ပြောပါမယ်။ ကျွှန်တော်တို့နိုင်ငံကလူငယ်အနေအထားတနေ့ဝင်ငွေ နဲ့ဆိုHighEnd Street Brand မပြောနဲ့ H&M လောက်တောင် ဟာဒီT shirt လေးကတော့မိုက်တယ်ဝယ်မယ်ကွာ ဆိုတန်းဖြုတ်နိုင်လော က်အောင်ချမ်းသာနေတဲ့နိုင်ငံလဲမဟုတ်ဘူးဗျ။ဒါကိုပိုက်ဆံရှိတဲ့မိဘကမွေးဖွားလာတဲ့ Rich Kid တွေကဒါတွေကိုသိမယ်လဲမထင် ပြောလည်းနားလည်မည်မဟုတ် ဘာလို့လဲဆိုတော့ သူတို့က ဘဝ အကြောင်းကိုဘာမှမသိဘူး သူတို့ပိုက်ဆံဘယ်လိုရှာရမလည်းမသိဘူး ပိုက်ဆံတန်ဖိုးနားလည်စရာ မလိုလောက်အောင်ချမ်းသာနေတော့ Hype-beastအရေးတို့အရေးလုပ်နေကြပြီး…

Facebook ပေါ် page လုပ်အတုဝတ်ပြီး Hype beast မလုပ်နဲ့လို့အတုနဲ့မ Flex နဲ့တို့တွေဝါဒဖြန့် တွေထလုပ်ကြတယ်။တချို့ကြတော့လဲဝတ်ထားတာက ၄၀၀၀၀၀ တန်t shirt ဒါပေမဲ့ မဝတ်မတွဲတတ်ဘာမှန်းမသိ Brand ဖြစ်ရင်ပြီးရောဆိုကောက်ဝတ်ပြီး Branded Slave တွေကလဲတပုံ poppin ကောင်တွေပေါ့ဗျာ။ဒီလောက်ဆင်းရဲပြီးစီးပွားရေးတွေစုတ်ပြတ်နေ တဲ့နိုင် ငံမှာမွေးလာတဲ့လူငယ်တွေကိုဘာလို့မင်းတို့အတုဝတ်တယ်ဆိုပြီးသိမ်ငယ်စေတဲ့အတွေးတွေထည့်ပေးခြင်ကြတာလဲ။မင်းတို့သိထားရမှာငါတို့နိုင်ငံက Thailand မဟုတ်ဘူး Singapore မဟုတ်ဘူး မင်းတို့ မိဘတွေထားပေးလို့မင်းတို့ကျောင်းတတ်နေတဲ့ဘယ်နိုင်ငံနဲ့မှမတူဘူးဟ SEA မှာတောင်ငမွဲနိုင်ငံ။တိုင်းပြည်တောင်မွဲနေတာလူငယ်တွေမွဲပြီးအတုဝတ်တာစောက်ပြစ်မပြောနဲ့။တချို့ကပြောသေးတယ် မြန်မာပြည်ကလူငယ်တွေအတုဝတ်တာများတော့သူတို့ Brand အစစ်တွေကနစ်နာတယ်တို့ဘာညာတို့…ပြောမယ်နော်မင်းတို့နေပုံထိုင်ပုံစီးတဲ့Car ကုန်ကုန်ကွာ Facebook ပေါ်တင်တဲ့ Post ကြည့်တာနဲ့ မင်းတို့ဘာကောင်လဲဘယ်လိုအသိုင်းဝိုင်းလဲ သိနေတာပဲဘာလို့မင်းတို့ကအစစ်ဝတ်ပြီး Insecure ဖြစ်ပြီးအတုဝတ်တဲ့ကောင်တွေကို Blame နေမှာလဲ။မြန်မာပြည်ကလူငယ်တွေပညာတတ်လူငယ်တွေ ဝင်ငွေဘယ်လောက်လဲသိလား ပြောပြမယ် အင်ဂျင်နီယား BE ကျောင်းဆင်း လစာ ၂၀၀၀၀၀ တရက်ကို ၆၆၀၀ ပဲရတယ်အဲ့ဒီ ၂၀၀၀၀၀ ထဲကအိမ်စရိတ်ပေးရမယ် မီတာခပေးရမယ် သွားလာတာကားခရှိတယ် စားစရိတ်ရှိတယ် အထွေထွေအသုံးစရိတ်ရှိတယ် အဲ့ဒီငွေနဲ့ဖိနပ်တရန် အင်္ကျီတထည်ကိုမင်းတို့ပြောနေတဲ့ အစစ်တရံကို ၁၂၀၀၀၀ ကျော် ဈေးပေါတဲ့ထဲက H&M divided Tee ၄၀၀၀၀ ကျော်လောက်ကို ဝယ်ဝတ်ဖို့ ပိုက်ဆံစုရတာလွယ်တယ်ထင်နေလား ??ပြောမယ်ဆိုရင် ဘဝအကြောင်းသိအောင်လုပ်ပါ ဘဝထဲနေကြည့်ပါ Hype beast တွေ Hype Bae တွေလောက်ပဲခေါင်းထဲထည့်မနေနဲ့။

•နောက်တခုကျွှန်တော် အတုဝတ်တဲ့ကိစ္စ

ဟုတ်တယ်ကျွှန်တော်အတုဝတ်တယ် ကျွှန်တော့်အနေထားနဲ့ဝတ်သင့်လားဆိုတော့ ဝတ်သင့်တယ်ထင်တဲ့ဟာဆိုအတုဝတ်တယ် ကျွှန်တော်စောက်ဂရုမစိုက်လောက့်တဲ့ဈေးဆိုရင်ကျွှန်တော်အစစ်ဝယ်ပါတယ်။ကျွှန်တော်က ကမ္ဘာကျော် Rapper လဲမဟုတ်ဘူးကျွှန်တော့်ဝင်ငွေကတပွဲဆိုမှ ဘယ်လောက်မှရတာမဟုတ်ဘူး အဲ့ဒီ့အတွက်ကျွှန်တော်အတုဝတ်တယ်အေးဆေးပဲ။အစစ်မဝယ်နိုင်ရင် ဘောမိုလို့အတုဝတ်တာလားလာပြောရင်လဲ ငါရှာထားတဲ့ငါပ်ုက်ဆံနဲ့ငါအတုဝယ်ဝတ်တာဘောဖြစ်လို့လားပဲပြန်ပြောရတော့မယ်။ကျွှန်တော်အခုခေတ်က Internet ခေတ်ဗျကမ္ဘာကျော် celebrities တွေကတော့သူတို့ကို Brand တွေကပေါက်အောင်လို့လက်ဆောင်တွေပေးလို့အလကားရတယ် သူတို့ဝတ်တော့လူငယ်တွေစိတ်ဝင်စားတယ်ကျွှန်တော်တို့လဲလိုက်ဝတ်ကြတယ် ဒါပေမဲ့ jacket တထည်ဘောင်းဘီတထဘ်ကို ၄၅သိန်း,၁၀ သိန်းပေးဝယ်ရအာင်ချမ်းသာမနေတော့အတုဝတ်တယ်ဗျာ။

နောက်တခုကကျွှန်တော်ကတော့ Brand ကိုဝတ်တာမဟုတ်ဘူး Design ကိုဝတ်တာ အဲ့ဒီတွက် အစစ်အတုဖြစ်နေစရာမလိုဘူးကျွှန်တော့်အတွက်လိုက်ဖက်ဖို့ပဲလိုတယ် ဒီလိုပြောလို့ထင်ခြင်သလိုထင် စောက်ဂရုလဲမစိုက်ဘူး။နောက်တခုကကျွှန်တော် အခု High Skool ဆိုတဲ့ Clothing Store ဖွင့်ထားတယ် အဲ့ဒီဆိုင်ကိုပြောကြတယ် အတုတွေတင်တယ်တို့ဘာတို့ Rich Kid ပေါက်စနတွေက။ဒီကောင်တွေနားမလည်တာကမြန်မာပြည်စီးပွားရေပဲပြန်ပြောရရင်။မြန်မာပြည်မှာ ချမ်းသာတဲ့လူဦးရေနဲ့ဆင်းရဲ့လူဦးရေယှဉ်ကြည့် ၁၀၀ မှာ ၉၀ လောက်ကဆင်းရဲနေတယ်။စီးပွားရေဆိုထဲက အများနဲ့လုပ်ရတာ အဲ့ဒီ့အတွက်ဆိုင်မှာအများပြည်သူလူငယ်တွေ ဝယ်လို့ရနိုင်တဲ့ဈေးရှိတဲ့ အတုတွေပဲတင်တယ်။မင်းတို့မိဘတွေကချမ်းသာတယ်ဆိုတော့ ပြန်မေးကြည့် အဖေတို့အမေတို့စီးပွားရေးလုပ်တာ အနည်းနဲ့လုပ်လားအများနဲ့လုပ်လားလို့ online ပေါ်တက်ပြီး Hype beast လုပ်ဖို့ပဲလုပ်မနေနဲ့။

နိဂုံးပြောရရင်တော့မြန်မာလူငယ်တွေကို အတုဝတ်တယ်အစစ်ဝတ်တယ်ဆိုတာတွေ ပြောမနေ ကိုယ့်မပြည့်တဲ့စိတ်ဓတ်ကိုအရင်ဖြည့်အားရှိသူကအားနည်းသူတွေကိုကူညီရမယ်ဆိုတာခေါင်းထဲထည့် မြေနိမ့်ရာလှံစိုက်တွေသိပ်မလုပ်နဲ့” ဆိုပြီး တင်ထားပါတယ်။

from လွှမ်းပိုင်ရဲ့ fb

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။