ပရိသတ်အကြိုက် အဆိုတော် လွှမ်းပိုင်ကတော့ Hip Hop လောကရဲ့ နာမည်ကြီးအဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ သူ့သီချင်းတော်တော်များများက ပရိသတ်တွေ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ အခုလက်ရှိမှာ နောက်အသစ်ထွက်ရှိလာမယ့် အခွေအတွက် ပြင်ဆင်မှုများကိုလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။

အခု အဆိုတော် လွှမ်းပိုင်က သူ မန္တလေးမြို့ကို ရောက်ရှိနေပြီဖြစ်ကြောင်းကို သူ့ရဲ့ Facebook ပေါ်မှာ ရေးထားတာတွေ့ရပါတယ်။ လွှမ်းပိုင်က မန္တလေးက သူ့ရဲ့ပရိသတ်တွေအတွက် သီဆိုဖျော်ဖြေမှုတွေလုပ်သွားမယ်လို့လည်း သိရပါတယ်။ မန္တလေးပရိသတ်တွေနဲ့ တစ်ပွဲတစ်လမ်း နွှဲတော့မယ့် လွှမ်းပိုင်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source : Hlwan Paing