Hip-hop အဆိုတော် လွှမ်းပိုင်ကတော့ ဒုလ္လဘရဟန်းဝတ်သွားတယ်လို့ သိရပါတယ်။ ပြင်ဦးလွင် ပန်းပွဲတော်မှာ Show ပွဲဆိုပြီး ပြန်အလာ ဒီဇင်ဘာ (၂၇)ရက်နေ့မှာ ၀တ်သွားတာပါ။

ဒုလ္လဘရဟန်းဝတ်ဖို့အစီအစဉ်ရှိတယ်လို့ ပြောသံမကြားလိုက်ရပဲ ရုတ်တရက် ၀တ်သွားတာပါ။ ဓါတ်ပုံတွေကိုလည်း လွှမ်းပိုင်နဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းတွေဆီကနေ ထွက်လာတာပါ။ ရက်အနည်းငယ်လောက်ပဲ ၀တ်ဖြစ်မယ်လို့ သိရပါတယ်။

ဒုလ္လဘရဟန်းခံပွဲကိုတော့ နီးစပ်ရာ မိတ်ဆွေအသိုင်းအ၀ိုင်းတွေနဲ့ပဲ အကျဉ်းချုံးလုပ်ခဲ့တာကိုတွေ့ရပါတယ်။ ဘွဲ့နာမည်ကတော့ ဦးဝိမလ လို့ သိရပါတယ်။ ရဟန်းခံပွဲကိုတော့ Bobby Soxer၊ ကျော်ဆုတို့ လာရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

Photos from Ko Bo San & Myanmar Celebrity