လှယဉ်ကျေးကတော့ လက်တလောလူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေသူပါ။ “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားနဲ့ ပရိသတ်တွေကြားမှာ “နှင်း” ဆိုပြီး နာမည်ကြီးနေသူပါ။ သူမကတော့ မင်းသမီးတစ်ယောက်တင်မဟုတ်ပါဘူး Miss Heritage International 2014  ဆုရှင်တစ်ယောက်ပါ။

ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် အခုဆိုရင် မင်းသမီးအလှမယ် လှယဉ်ကျေးကို ၀န်းရံနေသူတွေ အများကြီးပါ။ အနုပညာလောကထဲကို (၂၀၀၃)တည်းက စတင်ဝင်ရောက်ခဲ့ပေမယ့် ဖခင်ဖြစ်သူက သဘောမတူတာကြောင့် စိတ်ကြိုက်လုပ်ကိုင်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ (၂၀၀၉)မှာတော့ အနုပညာလောကနေနားလိုက်ပြီး (၂၀၁၁) မှာတော့ ပြန်လုပ်ခဲ့ပါတယ်။

 

ကံကောင်းစွာနဲ့ပဲ “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပြီး အခုဆိုရင်တော့ ပရိသတ်တွေ လက်ခံအားပေးမှုကိုရနေပါပြီ။ “မောင့်အိမ်သူ” ဇာတ်ကားထဲမှာဆိုရင်လည်း မတူညီတဲ့ ဇာတ်ကောင်ပုံစံမျိုးနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ သူမကို အားပေးတဲ့ ပရိသတ်တွေ အများကြီးရှိနေပါတယ်။

“မဟာဆန်ခွင့်ရခဲ့ချိန်..” ဆိုပြီး လှယဉ်ကျေးက သူမရဲ့ fb မှာ ပုံလေးတွေ တင်ထားပါတယ်။ လှယဉ်ကျေးတစ်ယောက် ဘယ်လိုတွေ နန်းဆန်ပြီး လှနေလဲဆိုတာကို သိရဖို့ ပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

from လှယဉ်ကျေးရဲ့ fb