ဟိန်းဝေယံကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ မိန်းကလေး ပရိသတ် တွေရဲ့ အားပေးမှုကို အပြည့်အ၀ရရှိထားတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဟိန်းဝေယံရဲ့ မွေးနေ့ လေးကေ တာ့ မကြာခင်ကျရောက်တော့မှာပါ။ မေလ(၁၂)ရက်နေ့က ဟိန်းဝေယံရဲ့ အသက် (၂၉)နှစ်ပြည့်မွေးနေ့လေးလို့ သိရပါ တယ်။

ဟိန်းဝေယံအတွက် သူ့ကိုချစ်တဲ့ ပရိသတ်တွေက မန္တလေးကနေ တကူးတကလာရောက်ပြီး မွေးနေ့ကိတ်ခွဲပေးခဲ့၊ အမှတ်တရလက်ဆောင်တွေ ပေးခဲ့တယ်ဆိုပြီး ဟိန်းဝေယံက သူ့ရဲ့ FB မှာ တင်ထားပါတယ်။

 

“မေလ ၁၂ ရက် ကျွန်တော့်မွေးနေ့အတွက်ကြိုပြီး

မန္တလေးကနေ တကူးတကလာရောက် မွေးနေ့ကိတ်

ခွဲပေးတဲ့ အမှတ်တရလက်ဆောင်တွေ အခွေတွေ

ပေးတဲ့ Sisတို့အားလုံး.. ကျေးဇူးတင်ပါတယ်ခင်ဗျာ

Sisတို့အားလုံးလည်း ကောင်းကျိုးလိုရာ ဆန္ဒများ

ပြည့်စုံကြပါစေ….” ဆိုပြီး တင်ထားပါတယ်။

ဟိန်းဝေယံကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေပြီး သူ့ရဲ့ “မျက်ရည်နဲ့ဆော့တဲ့ဂိမ်း” ဆိုတဲ့ ဇာတ်ကားကို (၁၅.၅.၂၀၁၈) မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

FROM ဟိန်းဝေယံ