ဟိန်းမင်းသူ ကတော့ JB နဲ့တူတယ်ဆိုပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့သူပါ။ တက်သစ်စ၊အဆိုတော် မင်းသား ချော လေး ဟိန်းမင်းသူကတော့ လက်တလောမှာ ပြသနေတဲ့ “အရိပ်” ဇာတ်လမ်းတွဲထဲမှာ “စိုင်းမင်းဆွေ ” (စိုင်း) ဆိုတဲ့ ဇာတ်ကောင်နေရာ ကနေ ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။

ဟိန်းမင်းသူကတော့ အခုဆိုရင်တော့ အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိနေပါပြီ။ဟိန်းမင်းသူကတော့ သူ့ရဲ့ Fan တွေကို ကြွေပြီးရင်းကြွေအောင် ပုံအလန်းလေးတွေကို Caption အလန်းလေးတွေနဲ့ တင်နေပါတယ်။

“ကို ခွေးသိပ်ချစ်တတ်တယ် ကလေးရယ်…” ဆိုပြီး ခွေးကျောင်းနေတဲ့ ပုံတွေကို မေ (၁၃)ရက်နေ့က တင်ခဲ့ပါတယ်။

“ကို့ ကိုသိပ်ချစ်ပေးပါ ကလေးလေးရယ်..” ဆိုပြီး မေလ(၁၄)မှာလည်း အကျီင်္အပြာရောင်လေးနဲ့ ပုံတစ်ပုံတင်ခဲ့ပါတယ်။

ဟိန်းမင်းသူကို အားပေးတဲ့ ပရိသတ်တွေ အတွက်တော့ သတင်းကောင်းရှိပါတယ်။သီချင်းသစ်တစ်ပုဒ်ကို မကြာခင်မှာ ပရိသတ်တွေဆီကို ရောက်လာတော့မယ်လို့ မေလ(၉)ရက်နေ့က သူ့ရဲ့ fb ကတစ်ဆင့် ပရိသတ်တွေကို အသိပေး ထားပါတယ်။ကျွန်တော့်သီချင်း MV Character တခုအတွက် Body challenge တခုလုပ်နေတယ်လို့ သူ့ရဲ့ fb မှာ တင်ခဲ့ဖူးပါတယ်။

from ဟိန်းမင်းသူ