အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ မော်ဒယ်၊ သရုပ်ဆောင် ခင့်ဝင့်ဝါဟာ နိုဝင်ဘာလ (၂၈)ရက်နေ့က မင်္ဂလာဒုံမြို့ လေးထောင့်ကန်ကျေးရွာမှာရှိတဲ့ Golden Heart Animal Rescue Yangon မှာ အလေအလွင့် စွန့်ပစ်ခံထားရတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေအတွက် ပေါင်မုန့်ထုပ်ရေ (၁၀၀)နဲ့ အခြားသော အာဟာရဒါနတွေကိုလည်း သွားရောက် လှူဒါန်းခဲ့ပါတယ်။

 

Golden Heart Animal Rescue Yangon မှာဆိုရင်တော့ ခွေးအကောင်ရေ (၃၉၀)ဝန်းကျင် နဲ့ ကြောင် (၇၅)ကောင် တို့ရှိပြီး အလှူရှင်လည်း အရမ်းနည်းလို့ သွားရောက်လှူဒါန်းကြဖို့လည်း ခင်ဝင့်ဝါက သူမရဲ့ ဖေစ့်ဘုတ်မှာ ရေးထားပါတယ်။

ရုပ်လည်းလှ၊ နှလုံးလည်းလှတဲ့ ခင်ဝင့်ဝါကတော့ ပရိသတ်တွေဆီက အချစ်တွေကို ပိုပြီးတော့ ရရှိဦးမှာပါ။

Source: Khin Wint Wah facebook, Thiri Khaing facebook

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။