ဟန်သီကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ နှာခေါင်းခွဲစိတ်ပြုပြင်မှု လုပ်ခဲ့ပါတယ်။ နှာတံလေး ပိုပြီးပေါ်လွင်သွားဖို့ ခွဲစိတ်တာလို့ သိရပါတယ်။ ဟန်သီကတော့ သူမရဲ့ fb မှာ ခွဲစိတ်မှုမခံယူခင်နဲ့ ခံယူပြီးနောက်ပိုင်း အခြေအနေပုံလေးတွေကို ဝေမျှထားပါတယ်။ ခွဲစိတ်ပြီးနောက်မှာတော့ နှာခေါင်းကို ပလာစတာ ကပ်ထားရပြီး နောက်(၃)ရက်နေမှ ပလာစတာကို ခွာရမယ်လို့ ဟန်သီ ကပြောထားပါတယ်။ ချုပ်ရိုးကိုတော့ ရန်ကုန်ကျမှ ဖြေမှာဖြစ်ပြီး တစ်လလောက်ကြာရင်တော့ နေသားတကျ ဖြစ်သွားပါပြီလို့ ဆိုထားပါတယ်။

“ဟန်သီက နဂိုကနှာခေါင်းထိပ်နည်းနည်းပွပြီး နှာတံပြားပါတယ်။ လွန်ခဲ့သောသုံးနှစ်ကတခါ၊ နှစ်နှစ်ကတခါ၊ နှစ်ကြိမ်ကိုရီးယားမှာ နှာခေါင်းချွန်အောင် ဆေးထိုးထားပါတယ်။ အခု Bangkok Clinic Revolution ဆေးခန်းခွဲပေါင်း (၂၀)ရှိတဲ့ အလှအပပြုပြင်ခွဲစိတ်တဲ့ဆေးခန်းက Brand Ambassador ခန့်တော့ နှာခေါင်းခွဲစိတ်မှုပြုလိုက်တာပါ။ ရှစ်နှစ်အတွေ့အကြုံရှိပြီး ကိုရီးယားမှာသင်ကြားလာတဲ့ နှာခေါင်းခွဲစိတ်ဆရာဝန်က filler နှစ်ကြိမ်ထိုးထားတဲ့ ဟန်သီကို open type နဲ့ နားနောက်က အရည်ကြည်ယူပြီး အချိန်(၄၅)မိနစ်ကြာ ပြုပြင်ခဲ့ပါတယ်။ နာကျင်မှုကထင်ထားသလောက်မနာပါဘူး။ ရောင်နေတဲ့နေရာကပ်ဖို့ ဂျယ်လီနဲ့လိမ်းဆေး၊ ပိုးသတ်ဆေးတွေပေးပါတယ်။ ခွဲပြီးပြီးချင်း ဟန်သီကတော့ မိတ်ဆွေတွေနဲ့ dinner သွားစားပါတယ်။ ကပ်ထားတဲ့ပလာစတာက နောက်လ(3)ရက်နေ့မှ ဖြေရမှာဖြစ်တဲ့အတွက် ဘန်ကောက်မှာ အဲဒီနေ့ထိနေဖြစ်မှာပါ။ ချုပ်ရိုးကိုတော့ ရန်ကုန်မှာပြန်လာဖြေမှာပါ။ တလလောက်ဆိုရင်တော့ နှာခေါင်းကနေသားကျလောက်ပါပြီလို့ပြောပါတယ်။ ဟန်သီ့ကို ဘာလုပ်တာလဲသိချင် စိတ်ပူနေတဲ့ ပရိသတ်ကြီးကိုရှင်းပြတာပါ။ ချစ်ခင်စွာဖြင့် Han Thi❤️❤️❤️ ဒီဓါတ်ပုံကတော့ နှာခေါင်းခွဲစိတ်တဲ့အခန်းမဝင်ခင် မျက်နှာကို ခရင်မ်နဲ့မိတ်ကပ်တွေဖျက် အောက်စီဂျင်စက်နဲ့ချွေးပေါက်ထဲက အညစ်အကြေးတွေစင်အောင် လုပ်ပေးနေတာပါ။ #LDClifeplusmyanmar

နှာခေါင်းခွဲတာ ဘယ်လောက်ကုန်ကျသလဲဆိုတဲ့ အမေးတွေကိုလည်း ဟန်သီက အခုလို ဖြေထားပါတယ်။

“Bangkok Clinic Revolution မှာ နှာခေါင်းခွဲစိတ်ရင်ကုန်ကျမယ့်ဈေးနုန်းလေးတွေမေးလာလို့ပြောပြပါ့မယ်။ ဟန်သီလို နှာခေါင်းမှာ filler ထိုးထားတဲ့သူတွေက Open type ခွဲရမှာဖြစ်ပြီး ခွဲစိတ်ခ ၁၆ သိန်းခွဲနဲ့ နားနောက်ကအရိုးနုယူခ ငါးသိန်းခွဲ စုစုပေါင်း ၂၂ သိန်းလောက်ကျမှာဖြစ်ပါတယ်။ နှာခေါင်းပြုပြင်ပြီးသား ပြန်ပြင်ချင်တဲ့သူများအတွက်က Open type နှာခေါင်းခွဲစိတ်ခ ၁၉ သိန်းခွဲခန့် နဲ့ နားနောက်အရိုးနုယူခ ၅ သိန်းခွဲ ပေါင်း ၂၅ သိန်းခန့်ကျပါမယ်။ Semi Open type နှာခေါင်းတဖက်ပဲဖွင့်ဖို့လိုသူများကတော့ နှာခေါင်းခွဲခ ၁၁ သိန်း၊ နားနောက်အရိုးနုယူခ ၅ သိန်းခွဲပေါင်း ၁၆ သိန်းခွဲခန့်နဲ့ နှာခေါင်းပြုပြင်ပြီးသား အသစ်ပြန်ပြင်ချင်သူများအတွက် Semi open type နှာခေါင်းခွဲစိတ်ခ ၁၆ သိန်း နားနောက်အရိုးနုယူခ ၅ သိန်းခွဲ ပေါင်း ၂၁ သိန်းခွဲကျမှာဖြစ်ပါတယ်။ နှာခေါင်းဖွင့်စရာမလိုပဲ close type ပြုပြင်ချင်သူများက ၈ သိန်းကျော်ခန့်နဲ့ နှာခေါင်းပြုပြင်ပြီး အသစ်ပြန်ပြင်ချင်တဲ့ Close type သမားများက ၁၁ သိန်းခန့်ကျသင့်မှာဖြစ်ပါတယ်။အသေးစိတ်ကို ဒီပေ့ခ်ျကိုဖြစ်စေ #Ldclifeplusmyanmar တွင်ဖြစ်စေ မေးမြန်းနိုင်ပါတယ်…..”

FROM ဟန်သီရဲ့ FB