မိတ်ကပ်လောကမှ နာမည်ကြီးအောင်မြင်နေတဲ့ မေဦးကတော့ သူရဲ့ချစ်သူ ဟန်လင်းကို ဒီနေ့ ချစ်သူများနေ့အတွက် surprise တစ်ခုလုပ်လိုက်ပါတယ်။ မေဦးနဲ့ဟန်လင်းတို့ချစ်သူနှစ်ယောက်က ပရိသတ်တွေ အားကျရတဲ့ ချစ်သူစုံတွဲလေးပဲဖြစ်ပါတယ်။ ဟန်လင်းကလည်း မေဦးအတွက်ဆို အမြဲ surprise တွေလုပ်ပေးတတ်ပြီး မေဦးကိုလည်း အရမ်းချစ်တဲ့ချစ်သူပဲဖြစ်ပါတယ်။

အခုမှာတော့ မေဦးက ဟန်လင်းကို ဒီနေ့ ချစ်သူများနေ့အတွက် surprise ပြန်လုပ်ပေးလိုက်ပါတယ်။ မေဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ဟန်လင်းအတွက် စာတစ်စောင်၊ ပန်းစည်းတစ်စည်း နဲ့ surprise လုပ်ခဲ့ပါတယ်။ မေဦးက ဒီလို surprise လုပ်ထားတာလေးကိုလည်း ဗီဒီယိုဖိုင်နဲ့အတူ အခုလိုရေးထားတာတွေ့ရပါတယ်။

“ဘယ်လိုဘဲဖြစ်ဖြစ် အချစ်ဆိုတာ ဘယ်သူတွေအတွက်ရယ်လို့ သတ်မှတ်ထားချင်း မရှိတဲ့အတွက် မေဦးတို့နှစ်ယောက်ချစ်မေတ္တာကိုလဲ အမုန်းတရားမရှိ ချစ်ခြင်းမေတ္တာတရားတွေနဲ့မြင်နိုင်ကြပါစေ … အလုပ်တွေများနေလို့ သေချာမစီစဉ်နိုင်ပေမယ့် အချိန် 4 နာရီလောက်နဲ့အမြန် စီစဉ်ပြီးလုပ်လိုက်တာကူညီပေးတဲ့သူတွေကို thank qqqq So much par ” လို့ရေးသားထားတာပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေကို ပရိသတ်တွေက သဘောတူ ချစ်ခင်ခဲ့ကြပါတယ်။ မေဦးနဲ့ဟန်လင်းတို့ချစ်သူနှစ်ယောက်ကို ပရိသတ်တွေက အရမ်းချစ်ကြပြီး ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာရရှိထားသူနှစ်ယောက်ပဲဖြစ်ပါတယ်။

source : May Oo