မော်ဒယ် ၊ သရုပ်ဆောင် နန်းရွှေအေး (ခေါ်) ဟန်လေးတစ်ယောက်ကတော့ ဇန်န၀ါရီ (၁၂) ရက်နေ့မှာ အကောင့်ဟက်ခံလိုက်ရပါတယ်။ ဟန်လေး အကောင့်ကို ဟက်သွားတဲ့ M4L က သူတို့တောင်းဆိုထားတဲ့အတိုင်း အလှူပြုပေးရင် အကောင့်ပြန်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဟန်လေးကလည်း M4L ကိုပေးထားတဲ့ကတိအတိုင်း ၊ သူတို့တောင်းဆိုထားတဲ့ ပရဟိတ မိဘမဲ့ကျောင်း သို့ အလှူငွေလှူဒါန်းခဲ့ပါတယ်။ သူမ အလှူငွေထည့်ပြီးကြောင်းကိုလည်း သူမအကောင့်ကနေ “YGW ပရဟိတမိဘမဲ့ကျောင်းတွင် တစ်ရက်စာ နံနက်၊ နေ့လည်၊ ညစာ ထမင်းအဟာရလှူဒါန်း ပြီးသွားပါပြီ သာဓုခေါ်ဆို ကြကုန်လော့” ဆိုပြီး တင်ထားပါတယ်။ 

source : Han Lay’s fb