နီနီခင်ဇော်ရဲ့ အသစ်ထွက်ရှိထားတဲ့ U အယ်လ်ဘမ်ဟာ သီချင်းချစ်သူတွေကြားမှာ နာမည်ကြီးနေပါတယ်။ အထဲမှာပါတဲ့ သီချင်းတွေအားလုံးက အရမ်းကိုကောင်းတာကို တွေ့ရပါတယ်။ နီနီက သူမရဲ့သီချင်း Music Video တွေကို သူမရဲ့ fb မှာ တင်ပေးလေ့ရှိပါတယ်။

အခုလည်း နီနီက သူမရဲ့ U ထဲက Good kisser.. သီချင်းရဲ့ Teaser ကို တင်ပေးလိုက်ပါတယ်။ ပါဝင်ထားတဲ့သူတွေကတော့ မင်းသမီးချော ရွှေမှုံရတီနဲ့ မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ် ၀န်းရံခြင်းကိုခံထားရတဲ့ မိုရီဆာကီဝင်း(အ၀င်း)ပါ။ သီချင်းဗီဒီယိုဖိုင်ရဲ့ အောက်မှာတော့ အ၀င်းရဲ့ မိန်းကလေးပရိသတ်တွေ ကြေကွဲနေကြတာတွေကိုလည်း တွေ့ရပါတယ်။

Good kisser ရဲ့ MV Teaser ဟာ တင်ပြီး (၂၄) နာရီတောင်မပြည့်သေးတဲ့ အချိန်မှာပဲ ၀င်ရောက်ကြည့်ရှုသူအရေအတွက်ဟာ နီနီ့ရဲ့ fb မှာတင်ပဲ (373K Views) ရှိခဲ့ပါတယ်။ အားလုံးကလည်း ဒီသီချင်းရဲ့ MV အပြည့်အ၀ထွက်လာဖို့ကို မျှော်လင့်နေကြပါတယ်။

Good Kisser Teaser

အိုဘေးဖယ် ဘေးဖယ်..အားလုံးဘေးဖယ်….အဝင်း နဲ့ ရွှေမှုံ လာပြီ ????#fgentertainment#Ualblum

Posted by Ni Ni Khin Zaw on Wednesday, November 29, 2017

 

အရမ်းချစ်ဖို့ကောင်းတဲ့ သဲ က ခင့်အကြောင်း ဘာတွေပြောထားလဲ အဖြေကတော့ Video အဆုံးလေးမှာပါ???#comingsoon #newMTV #Ualbum #ShweMhoneYaTi

Posted by Ni Ni Khin Zaw on Tuesday, November 21, 2017

from နီနီခင်ဇော်ရဲ့ fb၊WIN’s WINGs ( WIN Morisaki – Myanmar Fanbase )

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။