မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော် ချမ်းချမ်းကတော့ ပင်ပန်းမှုတွေနဲ့ဝေးရာ ဂေါ်ရင်ဂျီကျွန်းမှာ အပန်းဖြေနေပါတယ်။ ချမ်းချမ်းကတော့ သူမရဲ့မိသားစုနဲ့အတူ အပန်းဖြေသွားနေခဲ့တာပဲဖြစ်ပြီး သမီးလေးကိုတော့ ခရီးပန်းမှာစိုးလို့ထားခဲ့တယ်လို့လည်းသိရပါတယ်။ သမီးလေး ဂင်္ဂါကတော့ သူ့အဖေနဲ့မွေးနေ့ကျင်းပမယ်ဆိုလေရဲ့-လို့ပြောထားပါသေးတယ်။

ကလေးမိခင်ဖြစ်တဲ့ ချမ်းချမ်းက (၂)လတိတိ လေ့ကျင့်ခန်းလုပ် ခါးလေ့ကျင့်ခန်းလုပ်၊ ဝမ်းဗိုက်အတွက် ဘယ်လီတနေ့ အခါ (၄၀၀)ရိုက် ညစာရှောင်ပြီး၊ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိလာအောင် နေထိုင်နေတယ်လို့သိရပါတယ်။ တကယ်လည်း ဗိုက်ချပ်ပြီး အဆီမရှိတဲ့ သူမခန္ဓာကိုယ်က အရမ်းကြည့်ကောင်းနေတာပါပဲ။

ဂေါ်ရင်ဂျီကျွန်းမှာ အပန်းဖြေနေတာနဲ့ ပတ်သက်ပြီး သူမရဲ့ Facebook မှာ”ဂေါ်ရင်ဂျီကျွန်းမှာ အပန်းဖြေတဲ့ပုံလေးတွေပါ
ကျွန်းမှာဒီနေ့ ဧည့်သည်ဆိုလို့ ကိုယ်တွေသားအဖပဲရှိတယ်.. (၂)လတိတိ လေ့ကျင့်ခန်းလုပ် ခါးလေ့ကျင့်ခန်းလုပ် .. ဝမ်းဗိုက်အတွက် ဘယ်လီတနေ့အခါ (၄၀၀)ရိုက်.. ညစာရှောင်ပီးသကာလ အခုလို Mommy universe လုပ်ကြည့်တာပေါ့ကွယ် …”လို့ ရေးသားထားပါတယ်။

သူမက ဆက်လက်ပြီး “သမီးလေးမွေးနေ့မှာ ကိုယ်က ကမ်းခြေရောက်.. သမီးလေးက ခရီးပန်းမှာစိုးလို့နေခဲ့ပြီး သူ့အဖေနဲ့ မွေးနေ့ကျင်းပမယ်ဆိုလေရဲ့ … ဘယ်သူမှမရှိတုန်း ပုံတွေရိုက်ခဲ့တယ် … ပင်ပန်းသမျှတွေ အမောတွေလဲပြေ … ဂေါ်ရင်ဂျီရယ် မင်းသိပ်လှနိုင်လွန်းတယ် … ကလေးအမေဆိုပေမဲ့ တတ်နိုင်သမျှကျန်းမာအောင်နေလို့ အလုပ်တွေလည်း လုပ်နိုင်တယ် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေရှိလာတယ်” ဆိုပြီး သူမရဲ့ပုံရိပ်တွေကိုလည်း မျှဝေပေးထားပါသေးတယ်။ 

source : Chan Mya Nyein