အဆိုတော် G Fatt နဲ့နန်းဆုရတီစိုးတို့ ချစ်သူစုံတွဲကတော့ ပရိသတ်တွေ သဘောကျချစ်ခင်ကြတဲ့ စုံတွဲလေးဆိုလည်းမမှားပါဘူး။ သူတို့နှစ်ယောက်လုံးကတော့ အနုပညာလောကမှာ နေရာတစ်နေရာရနေခဲ့ပြီး အောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်နေကြသူတွေပဲဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ယောက် အမြဲတမ်း တစ်ယောက်နဲ့တစ်ယောက် စနောက်နေရင်းနဲ့ အချစ်တွေပိုနေခဲ့ကြပါတယ်။

သူတို့ ချစ်သူနှစ်ယောက်ကတော့ တရုတ်နှစ်သစ်ကူးမှာ ဘုံကျောင်းကို အတူတူသွားခဲ့ကြပါတယ်။ အခုမှာလည်း G Fatt က နန်းဆုကို သူမ တင်လိုက်တဲ့ ဓာတ်ပုံတစ်ပုံအောက်မှာ စနောက်နေခဲ့ပြန်တာကိုတွေ့ရပါတယ်။ နန်းဆုက “အန်ပေါင်းတွေအများကြီးပဲကွာ” ဆိုတဲ့ စာနဲ့အတူ ပုံကိုတွဲတင်လိုက်တဲ့အချိန်မှာ G Fatt က “သူများကိုပေးရတာမြန်း ကြွားနေသေး” ဆိုပြီး မခံချင်အောင် စနောက်ခဲ့တာကိုတွေ့ရပါတယ်။

G Fatt ကလည်း ဂီတလောကမှာ အောင်မြင်နေပြီး နန်းဆုကလည်း သရုပ်ဆောင်မှာရော ဂီတဘက်မှာပါ အောင်မြင်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ ပရိသတ်ကြီးမြင်ကြတဲ့အတိုင်း သာယာပျော်ရွှင်ပြီး တစ်ယောက်နဲ့တစ်ယောက်နဲ့ စနောက်နေကြတာပဲဖြစ်ပါတယ်။

source : Nansu Yati Soe