အဆိုတော် G Fatt နဲ့ မင်းသမီးချော နန်းဆုရတီစိုးတို့ ချစ်သူနှစ်ယောက်ကတော့ ချစ်သူ့ သဘာဝအတိုင်း တစ်ယောက်နဲ့တစ်ယောက် စနောက်ကျီစယ်ရင်း ချစ်သူဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြပါတယ်။ ဒီတစ်ခေါက်မှာတော့ G Fatt က နန်းဆုကို နောက်ပြောင်ကျီစယ်ခဲ့ပါတယ်။

လတ်တလောမှာပဲ နန်းဆုတစ်ယောက် သူမရဲ့ခွေးလေး Jet Ko နဲ့ဆော့နေတဲ့ပုံလေးတွေကို လူမှုကွန်ယက်မှာ တင်လိုက်ပါတယ်။ ဒီပုံနဲ့ပတ်သက်ပြီး G fatt က “Jek ko လေးရေ ဦးနဲ့မဆော့ ရလို့ မပျော်တဲ့ရုပ်လေးနော်… Jek ko လေး သခင်လို ကောက်မနေနဲ့ဦး” နဲ့ “ချစ်စရာလေး Jet ko လေးရယ် ” ဆိုပြီး နန်းဆုကို စနောက်ခဲ့ပါတယ်။

source : Nansu Yati Soe’s fb