အဆိုတော် G Fatt ကတော့ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးနေတဲ့ အဆိုတော်တစ်ယောက်ပါ။ သူ့ရဲ့ အချစ်သီချင်းတွေကတော့ မိန်းကလေးပရိသတ်တွေရော အမျိုးသားပရိသတ်တွေကြားမှာပါ ရေပန်းစားပါတယ်။ သီချင်းသစ်တစ်ပုဒ်ဆိုတစ်ပုဒ် ထွက်လိုက်တိုင်းမှာ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစွဲခဲ့ပါတယ်။”ငါတစ်ပဲ  သတ် ချင်တယ်.” ဆိုတဲ့ Single song ဟာဆိုရင် လည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။

G fatt ရဲ့ ဒုတိယမြောက် အယ်ဘမ်သစ် 120/B ကို မတ်လ(၂)ရက်နေ့က ထွက်ရှိထားပါတယ်။ အခွေပရိုမိုးရှင်းပွဲနဲ့ ဖျော်ဖြေပွဲကိုတော့ Junction City မှာ ကျင်းပခဲ့တာဖြစ်ပြီး G Fatt ရဲ့ ချစ်သူနန်းဆုရတီစိုးလည်း ဒီပွဲမှာ ပါဝင်ေ ဖျာ်ဖြေပေးခဲ့ပါတယ်။ 120/B အချစ်သီချင်းလေးတွေကတော့ ချစ်သူ နန်းဆုကို ရည်ရွယ်စပ်ဆိုထားတာ ကိုတွေ့ရပါတ ယ်။

အယ်ဘမ်သစ်ထွက်တားတဲ့ G fatt ကိုတော့ သူ့ပရိသတ်တွေက အကြီးအကျယ်အားပေးခဲ့ပါတယ်။ပရိသတ်တစ်ချို့ ကဆိုရင် အယ်ဘမ်ကာဗာက G Fatt ရဲ့ ပုံကို တက်တူးထိုးပြီး အားပေးခဲ့ကြတာပါ။တက်တူးပုံကို G Fatt က သူ့ရဲ့ fb ပေါ်မှာ…

 

ကိုယ်ရူးရောပဲ ❤️ ဒီ့ထက်ကြိုးစားပါ့မယ်ဗျ 💯💪🏻….” ဆိုပြီး တင်ထားပါတယ်။ပရိသတ်တစ်ယောက်ကနေ သူ့သီချင်း စာသားကို comment ရေးပြီး အခုလို ထောက်ပြခဲ့ပါတယ်။ကို .” ကြိုးစားရမှာ အများကြီး စကားလုံးတေသုံးတာ တွေရော ရွှေတဂုံစေတီတော်ရဲ ရုပ်ပုံလေးမဟုတ်ဘူး ပုံတော် လို့သုံးရမှာ genius ကြီးရဲ့..” လို့ ပြောခဲ့တာကို G Fatt က “ဟုတ်တယ်ဗျာ အဲ့နေရာ ကာရံချိတ်လို့မရလို့ အဲ့လိုသုံးလိုက်ရတာပါ…” ဆိုပြီး reply ပြန်ပေးထားတာကိုလည်း တွေ့ရပါတယ်။

from G fatt ရဲ့ fb