နန်းဆုရတီစိုးနဲ့ G Fatt တို့ကတော့ နာမည်ကြီးဆယ်လီစုံတွဲတစ်တွဲပါ။ပရိသတ်တွေ ချစ်တဲ့ “မနဲ့ မောင်” ဆယ်လီ စုံတွဲလေးပါ။သူတို့စုံတွဲလေးကတော့ ပြီးခဲ့တဲ့ ရက်တွေက ချောင်းသာကမ်းခြေမှာ အပမ်းဖြေခဲ့ကြပါတယ်။ နန်း ဆုရော  G Fatt ကပါ fb မှာ ပုံလေးတွေ တင်ခဲ့ပါတယ်။နှစ်ယောက်လုံးက  Live တွေလည်း လွှင့်ခဲ့ပါတယ်။

အခုဆိုရင်တော့ သူတို့စုံတွဲဟာ ရန်ကုန်ကို ပြန်လာပါပြီ။ရန်ကုန်အပြန်လမ်းမှာလည်း လမ်းပြုပြင် နေတဲ့ အလုပ် သမား တွေကို ရေအလှူပေးခဲ့ပါတယ်။G Fatt ကတော့ ရေအလှူ ပေးခဲ့တဲ့ ပုံလေးတွေကို သူ့ရဲ့ fb မှာ တင်ထားပါတယ်။

“ရန်ကုန်အပြန် လမ်းက ကုသိုလ်…” ဆိုတဲ့ Caption ရေးပြီး တင်ထားတာပါ။

နန်းဆုက ချောင်းသာမှာ Live လွှင့်ခဲ့ပြီး အဲ့ဒီ Live မှာ G Fatt လည်း ပါဝင် ခဲ့ပါတယ်။ဝင်ကြည့်တဲ့ သူ (203K Views) အထိရှိခဲ့ပါတယ်။

Posted by Nansu Yati Soe on Sunday, April 22, 2018

from နန်းဆုနဲ့ G Fatt ရဲ့ fb